Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအိုနိုင်ငံသမ္မတ Thongloun Sisoulith တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith တို့ ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အလုပ်သဘောအလည်အပတ်ခရီးစဉ် လာရောက်သည့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith နှင့် ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith တို့ ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ၁၀ နှစ်ကြာကာလတွင် တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် အရေးပါသည့် တိုးတက်မှုများ အဆက်မပြတ် ရရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်-လာအို နှစ်နိုင်ငံသည် လက်မှတ်ရေးထိုးသည့် တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး ၅ နှစ် စီမံချက်သစ် ကို အဓိကထား၍ နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေးကို အနက်အဓိပ္ပါယ်သစ်များ ဖြည့်တင်းပေးရမည်ဖြစ်သလို ဒေသတွင်းသာမက ကမ္ဘာတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားသစ်ပေး ရမည် ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။

ပါတီ၏ ခိုင်မာသည့် ဦးဆောင်မှု၊ ဆိုရှယ်လစ်ဝါဒ၏ ခိုင်မာသည့် ဦးတည်မှုသည် တရုတ်-လာအို ဆက်ဆံရေး၏ ဝိသေသလက္ခဏာ ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ တရုတ်-လာအို ပါတီ နှစ်ရပ်အနေဖြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ဆက်လက် နက်ရှိုင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံစီမံအုပ်ချုပ်မှု စွမ်းရည်အား မြှင့်တင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး စသည့် ကဏ္ဍများ၏ ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တရုတ်-လာအို ရထားလမ်း၏ အလားအလာကောင်းများကို ဖော်ထုတ်ရမည် ဖြစ်ပြီး ရထားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားလျက် တရုတ်-လာအို စီးပွားရေး စင်္ကြံ တည်ဆောက်ရေးကို တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဒေသတွင်းချိတ်ဆက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ကို စိတ်အားထက်သန်စွာ တွန်းအားပေး၍ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု နမူနာပုံစံကို တည်ဆောက်ရမည် ဖြစ်ပါကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

Thongloun Sisoulith က တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့သည့်အတွက် ဂုဏ်ပြုပါကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက် ၁၀ နှစ်ကြာကာလ အရေးကြီးရလဒ်များကို ဖော်ပြလျက်ရှိကြောင်း၊ အထူးသဖြင့် CPC အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး အားပေးဆောင်ရွက်မည့် လုပ်ဆောင်ချက် ၈ ရပ်အားသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် တည်ဆောက်ရေးအတွက် တွန်းအားသစ်များဖြည့်တင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ လာအို-တရုတ် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများသည် အဆင်ပြေချောမွေ့စွာ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံက လာအိုနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးထားဖွယ် ရေရှည်အကူအညီများပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လာအို-တရုတ် ရထားလမ်း တည်ဆောက်ပြီးစီးခြင်းနှင့်အဆင်ပြေချောမွေ့စွာ လည်ပတ်ခြင်းက လာအိုနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို များစွာ မြှင့်တင်ပေးခဲ့သလို လာအိုပြည်သူများ၏နေထိုင်မှုဘဝအတွက် အပြုသဘော ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ၊ ယခုအကြိမ် လက်မှတ်ရေးထိုးမည့် လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ၅ နှစ် စီမံချက်သစ်သည် လာအို-တရုတ် နှစ်ပါတီ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးကို တစ်ဆင့်တိုး ခိုင်မာစေမည် ဖြစ်ကြောင်း၊ လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်ကူးလူးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်သွားပြီး နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံ ဖလှယ်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ လာအို-တရုတ် စီးပွားရေးစင်္ကြံ စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဆီယံ-တရုတ် ဆက်ဆံရေးနှင့် ဒေသရေးရာကိစ္စရပ်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားကာ လာအို-တရုတ် ဆက်ဆံရေး တိုးတက်မှုအသစ်များဖော်ဆောင်ရန် မြှင့်တင်သွားမည် ဖြစ်ကြောင်း Thongloun Sisoulith က ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Thongloun Sisoulith တို့သည်《တရုတ်ကွန်မြူနစ်ပါတီနှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး စီမံချက် (၂၀၂၄ ခုနှစ်- ၂၀၂၈ခုနှစ်)》ကို လက်မှတ်ရေးထိုးခဲ့ကြပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သတင်း၊ ယဉ်ကျေးမှု၊ ခရီးသွား၊ ကျန်းမာရေး၊ အကောက်အခွန်စစ်ဆေးရေးစသည့် ကဏ္ဍများ၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးကြသည်ကို သက်သေပြုခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
习近平会见老挝人民革命党中央总书记、国家主席通伦
新华社北京10月20日电(记者温馨、张骁)10月20日上午,中共中央总书记、国家主席习近平在人民大会堂会见来华出席第三届“一带一路”国际合作高峰论坛并进行工作访问的老挝人民革命党中央总书记、国家主席通伦。
习近平指出,10年来,中老命运共同体建设不断取得重要进展。中老双方要以签署构建中老命运共同体新的五年行动计划为抓手,为两党两国关系赋予新内涵,为地区乃至世界和平稳定和发展繁荣注入新动能。
习近平强调,坚持党的领导,坚持社会主义方向,是中老关系的本质特征。中老两党要持续深化政治互信,提高执政能力,加强政治、执法安全等领域沟通和合作。要深挖中老铁路潜力,以铁路沿线开发为重点,稳步推进中老经济走廊建设,积极推进区域联通发展构想,打造本地区“一带一路”合作样板。
通伦表示,祝贺中方成功举办第三届“一带一路”国际合作高峰论坛,此次高峰论坛彰显“一带一路”倡议10年来取得的重要成果,特别是习近平总书记同志提出的支持共建“一带一路”八项行动为“一带一路”高质量建设注入新的动力。当前老中各方面合作顺利推进,老方衷心感谢中方长期以来为老经济社会发展提供的宝贵帮助。老中铁路建成和顺利运营极大促进了老经济发展,也给老挝人民生活带来了积极变化。此次将签署的构建老中命运共同体新的五年行动计划将进一步巩固老中两党两国友好合作关系。老方愿同中方加强高层互动,深化治国理政经验交流,推进老中经济走廊等务实合作,就东盟中国关系和地区问题加强协调配合,促进老中关系实现新的发展。
会见后,习近平和通伦共同签署了《中国共产党和老挝人民革命党关于构建中老命运共同体行动计划(2024-2028年)》,共同见证签署共建“一带一路”、数字经济、新闻、文化、旅游、卫生、海关检验检疫等领域多项双边合作文件。
1. 10月20日上午,中共中央总书记、国家主席习近平在北京人民大会堂会见来华出席第三届“一带一路”国际合作高峰论坛并进行工作访问的老挝人民革命党中央总书记、国家主席通伦。