Connect with us

China

တရုတ်နိုင်ငံက Shenzhou-17 လူတင်အာကာသယာဉ်ကို အောက်တိုဘာ ၂၆ ရက် ၁၁ နာရီ ၁၄ မိနစ်တွင် လွှတ်တင်မည်

Shenzhou-17 လူတင်အာကာသယာဉ်နှင့် Long March-2F ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ အတွဲလိုက်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ရွှေ့ပြောင်းရန် ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက Shenzhou-17 လူတင်အာကာသယာဉ်ကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၄ မိနစ်တွင် လွှတ်တင်မည်ဖြစ်ရာ အာကာသယာဉ်မှူး ထန်းဟုန်ပေါ၊ ထန်စိန့်ကျယ်နှင့် ကျန်းရှင်းလျင် တို့အဖွဲ့ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။

Shenzhou-17 လူတင်အာကာသယာဉ်မှူးများဖြစ်သော ထန်းဟုန်ပေါ (အလယ်) ၊ ထန်စိန့်ကျယ် (လက်ယာ) ၊ ကျန်းရှင်းလျင် (လက်ဝဲ) တို့ ပြည်တွင်းပြည်ပသတင်းမီဒီယာများနှင့် တွေ့ဆုံနေသည်ကို ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

Shenzhou-17 လူတင်အာကာသယာဉ်မှူးများဖြစ်သော ထန်းဟုန်ပေါ (အလယ်) ၊ ထန်စိန့်ကျယ် (လက်ယာ) ၊ ကျန်းရှင်းလျင် (လက်ဝဲ) တို့ ပြည်တွင်းပြည်ပသတင်းမီဒီယာများနှင့် တွေ့ဆုံနေသည်ကို ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

Shenzhou-17 လူတင်အာကာသယာဉ်မစ်ရှင် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ကျင်းပခဲ့သည်။

မစ်ရှင်ညွှန်ကြားရေးဌာနချုပ်၏ သုတေသနပြုဆုံးဖြတ်ချက်များအရ Shenzhou-17 လူတင်အာကာသယာဉ်ကို အောက်တိုဘာ ၂၆ ရက် ၁၁ နာရီ ၁၄ မိနစ်တွင် လွှတ်တင်ရန်၊ အာကာသယာဉ်မှူးအဖွဲ့၌ထန်းဟုန်ပေါ၊ ထန်စိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့လိုက်ပါရန်၊ ထန်းဟုန်ပေါကို အဖွဲ့ခေါင်းဆောင် အဖြစ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်လူတင်အာကာသယာဉ်စီမံကိန်း ပြောရေးဆိုခွင့်ရှိသူ၊ တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) လက်ထောက်ညွှန်ကြားရေးမှူး လျင်ရှီးချန်က မိတ်ဆက်ပြောကြားခဲ့သည်။

ထန်းဟုန်ပေါသည် Shenzhou-12 လူတင်အာကာသယာည် မစ်ရှင်တွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ထန်စိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့အတွက်မူ ယခုမစ်ရှင်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
中国将于10月26日11时14分发射神舟十七号载人飞船
新华社酒泉10月25日电 中国将于10月26日11时14分发射神舟十七号载人飞船,飞行乘组由航天员汤洪波、唐胜杰和江新林组成。
神舟十七号载人飞行任务新闻发布会25日上午在酒泉卫星发射中心举行。中国载人航天工程新闻发言人、中国载人航天工程办公室副主任林西强会上介绍,经任务总指挥部研究决定,瞄准10月26日11时14分发射神舟十七号载人飞船,飞行乘组由航天员汤洪波、唐胜杰和江新林组成,汤洪波担任指令长。汤洪波参加过神舟十二号载人飞行任务,唐胜杰和江新林都是首次飞行。
1. 10月19日,神舟十七号载人飞船与长征二号F遥十七运载火箭组合体准备转运。
2. 10月25日上午,神舟十七号载人飞行任务航天员汤洪波(中)、唐胜杰(右)、江新林在酒泉卫星发射中心问天阁与中外媒体记者集体见面。