Connect with us

Africa & Middle East

ဂါဇာကမ်းမြောင် မြောက်ပိုင်းတွင် နေထိုင်သူများ တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့ရန် အစ္စရေးစစ်တပ် တောင်းဆိုခြင်းက “အလွန်အမင်း အန္တရာယ်များ”ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောကြား

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတင်းထောက်များ၏ မေးမြန်းမှုကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ပြန်လည်ဖြေကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင် မြောက်ပိုင်းတွင် နေထိုင်သူများ တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့ရန် အစ္စရေးစစ်တပ် တောင်းဆိုခြင်းခဲ့ရာ ထိုသို့ ဆုံးဖြတ်ချက်က “အလွန်အမင်း အန္တရာယ်များ”ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အောက်တိုဘာ ၁၃ ရက်၌သတိပေး ပြောကြားခဲ့သည်။

နေထိုင်သူ ၁ သန်း ကျော်ကို လုံးဝ ပိတ်မိပြီး လူဦးရေ ထူထပ်သော စစ်မျက်နှာပြင်မှ အစားအစာ၊ သောက်သုံးရေနှင့် နေအိမ်တစ်ခုမျှ မရှိသော နေရာသို့ ရွှေ့ပြောင်းခိုင်းလျက်ရှိရာ ၎င်းက “အလွန်အမင်း အန္တရာယ်များ”ကြောင်း၊ အချို့အခြေအနေများတွင် “မဖြစ်နိုင်”ကြောင်း ဂူတာရက်စ်က ယင်းနေ့၌ကျင်းပသည့် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေး အခြေအနေ တံခါးပိတ် ဆွေးနွေးပွဲ မတိုင်မီ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင် တောင်ပိုင်း ဒေသရှိ ဆေးရုံများတွင် လူနာများ ပြည့်လျှံနေရာ မြောက်ပိုင်းဒေသမှ ဒဏ်ရာရလူနာများကို လက်ခံနိုင်စွမ်း မရှိတော့ကြောင်း ဂူတာရက်စ်က ဆိုသည်။ ဂါဇာကမ်းမြောင် ကျန်းမာရေးစနစ် ပြိုလဲတော့မည့် အခြေအနေ ရှိပြီး ဆေးကုသရေးပစ္စည်းများ အတိုက်ခိုက်ခံရ၍ ဆေးဝန်ထမ်းများ သတ်ဖြတ်ခံခဲ့ရကာ လျှပ်စစ်မီးဖြတ်တောက်ခြင်းကြောင့် သောက်သုံးရေ အကျပ်အတည်း ဖြစ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ ဝင်ရောက်မှုကို ချက်ချင်းပြန်လည်ထားရှိရန်၊ ဂါဇာဒေသတွင် နေထိုင်သူများအတွက် လောင်စာပစ္စည်း၊ အစားအသောက်နှင့် သောက်သုံးရေများကို ပံ့ပိုးပေးရန် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများကို လေးစားကာကွယ်ရန်၊ အရပ်သားများ၏ လုံခြုံရေးကို ကာကွယ်ရန်၊ ဓားစာခံများကို ချက်ချင်းလွှတ်ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှု”ကြောင့် ဂါဇာကမ်းမြောင် မြောက်ပိုင်းဒေသတွင် နေထိုင်သူများ တောင်ပိုင်းဒေသသို့ ရွှေ့ပြောင်းရန် တောင်းဆိုခြင်း ဖြစ်သည်ဟု အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ ထို့အပေါ် ပါလက်စတိုင်း၊ ဒေသတွင်းနိုင်ငံများနှင့် အာရပ်အဖွဲ့ချုပ် စသည်တို့က အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
联合国秘书长:以军要求加沙北部居民南迁“极度危险”
新华社联合国10月13日电(记者尚绪谦)联合国秘书长古特雷斯13日警告说,以色列军方要求加沙地带北部居民迁往南部地区,这一决定“极度危险”。
古特雷斯当天在参加安理会巴以局势闭门磋商前说,将超过100万居民从一个被彻底围困、人口稠密的战区迁往一个没有食物、饮用水和住房的地区,这是“极度危险的”,在某些情况下甚至“不可能”。
古特雷斯指出,加沙地带南部地区医院接诊能力已饱和,无力接收北部地区的伤员患者。加沙地带医疗体系处于崩溃边缘,医疗设施遭袭,医务人员被杀,断电还引发饮用水危机。
古特雷斯呼吁立即恢复对加沙地带的人道主义救援准入,为加沙居民提供燃料、食物和饮用水。他还敦促尊重和捍卫国际人道主义法和国际人权法,保护平民安全,立即释放所有人质。
以色列军方13日发表声明,称出于“人道主义”原因,要求加沙地带北部所有居民撤往南部地区。这引发巴勒斯坦、地区国家以及阿拉伯国家联盟(阿盟)等方面的强烈批评。
1. 10月13日,在位于纽约的联合国总部,联合国秘书长古特雷斯回答记者提问。