Connect with us

China

ရှန်ဟိုင်းမြို့က နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများ၏ ဒေသဆိုင်ရာရုံးချုပ် ၉၄၀ ခု အခြေစိုက်သောနေရာဖြစ်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ Bund ဧရိယာ၏ ညနေခင်းမြင်ကွင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု၏ ဒေသဆိုင်ရာရုံးချုပ် ၉၄၀ ခုနှင့် ပြည်ပမှ ရန်ပုံငွေပံ့ပိုးမှုဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) စင်တာ ၅၅၁ ခု တည်ရှိကြောင်း အောက်တိုဘာ ၁၅ ရက်၌ ပြုလုပ်သော ၂၀၂၃ ခုနှစ် ရှန်ဟိုင်းမြို့တော်ဝန် အပြည်ပြည်ဆိုင်ရာ စီးပွားရေးခေါင်းဆောင်များ အကြံပေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲအရ သိရသည်။

ယင်းတို့အနက် ဒေသဆိုင်ရာရုံးချုပ် ၄၉ ခုနှင့် R&D စင်တာ ၂၀ ခုမှာ ၂၀၂၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ရှန်ဟိုင်းမြို့၏ စီးပွားရေးမှာ ဆက်လက်အားကောင်းလာခဲ့ပြီး တည်ငြိမ်၍ ကောင်းမွန်သော လမ်းကြောင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ထိန်းထားနိုင်ခဲ့ပြီး ကြံ့ကြံ့ခံမှုနှင့် တက်ကြွမှုကို အားကောင်းစွာ ရောင်ပြန်ဟပ်လျက်ရှိကြောင်း ရှန်ဟိုင်းမြို့တော်ဝန် ကုံးကျိန့်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်က ရှန်ဟိုင်းအတွက် နိုင်ငံခြားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ အဓိက ဖြစ်ပါတယ်။ စီးပွားရေးပတ်ဝန်းကျင် ဆက်လက်တိုးတက်ဖို့ ဆောင်ရွက်ချက်သစ်များစွာ စီစဉ် အကောင်အထည်ဖော်သွားမှာပါ” ဟု ကုံးက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Shanghai home to 940 regional HQ of multinational corporations
SHANGHAI, Oct. 16 (Xinhua) — Shanghai now has 940 regional headquarters of multinational corporations and 551 foreign-funded research and development (R&D) centers in the city, according to a press conference of the 2023 International Business Leaders’ Advisory Council for the Mayor of Shanghai (IBLAC) on Sunday.
Among them, 49 regional headquarters and 20 R&D centers were launched in 2023.
Since the beginning of this year, Shanghai’s economy has continued to recover, and it has generally maintained a stable and positive trend, reflecting strong resilience and vitality, said Gong Zheng, mayor of Shanghai, at the press conference.
“A good business environment is key for Shanghai to attract foreign companies. We will plan and implement a number of new measures to continuously improve the business environment,” Gong added.
Photo: This photo taken on Nov. 4, 2022 shows an evening view at the Bund in east China’s Shanghai. (Xinhua/Jin Liwang)