Connect with us

Africa & Middle East

ငလျင်အပျက်အစီးများအကြား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား တရုတ်-တူရကီ ကယ်ဆယ်ရေးအဖွဲ့များ အတူတကွ ကူညီကယ်ဆယ်နိုင်ခဲ့

တူရကီနိုင်ငံ Hatayပြည်နယ် Antakya မြို့ ငလျင်ကပ်ဘေး အပျက်အစီးများကြားတွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တူရကီဒေသခံကယ်ဆယ်ရေးအဖွဲ့တို့ ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဟာတေ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ငလျင်ကပ်ဘေးဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် တူရကီနိုင်ငံ Hatayပြည်နယ် Antakya မြို့၌ ပြိုကျနေသော နေအိမ်အဆောက်အဦ၏အပျက်အစီးများကြားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့်တူရကီဒေသခံကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း ၆ နာရီခန့်တွင် တူရကီ ကယ်ဆယ်ရေးသမားများက တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ပြီး Hatayပြည်နယ် Antakya မြို့ရှိ ပြိုကျနေသော ၈ ထပ်အဆောက်အဦ အပျက်အစီးများကြားတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို တွေ့ရှိရကြောင်းပြောကြားခဲ့ရာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က အချင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း၊ ခန့်မှန်းသုံးသပ်မှုများ ပြုလုပ်ပြီးနောက် တူရကီကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ကယ်ဆယ်မှုအစီအစဉ်များရေးဆွဲခဲ့ကြောင်း၊ ပညာရှင်ညွှန်ကြားချက်နှင့်နည်းပညာစက်ပစ္စည်းပံ့ပိုးမှုများပြုလုပ်ကာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဖြင့် နာရီအတန်ကြာကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ပိတ်မိနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ကျောက်ယန်က ဆင်ဟွာကို ပြောကြားခဲ့သည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်က တူရကီနိုင်ငံ အဒါနာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီးနောက် ၅ နာရီကြာ ကားဖြင့် မနားမနေ ခရီးထပ်နှင်ကာ Antakya မြို့သို့ သွားရောက်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် တူရကီနိုင်ငံဆိုင်ရာ တရုတ်သံရုံးဝန်ထမ်းများ၊ တူရကီအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ Hatay အားကစားရုံတွင် စခန်းချပြီး ညွှန်ကြားရေး၊ ဆက်သွယ်ရေး၊ ဆေးဝါးကုသရေး၊ ဂိုဒေါင်နှင့်နေအိမ်များကို ပြင်ဆင်ခဲ့သလို ကယ်ဆယ်ရေးလှုပ်ရှားမှုဇုန် ထားရှိခဲ့ကြောင်းသိရသည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တူရကီနိုင်ငံ Hatayပြည်နယ် သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူးများဖြင့် ချိတ်ဆက်ကာ မော်တော်ယာဉ်သယ်ယူပို့ဆောင်မှု ၊ လူအင်အားဖြန့်ကျက်မှုစသည့် မြေပြင်အခြေအနေများအရ လူ ၁၅ ဦး ပါဝင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ငယ်စေလွှတ်ကာ မြေပြင်အခြေအနေကို လေ့လာဆန်းစစ်ခဲ့ကြောင်း သိရသည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် အားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်း တူရကီဘက်မှ ပြောကြားခဲ့သည်။ (Xinhua)

——————————-
中国救援队与土方共同救出一名孕妇
新华社土耳其哈塔伊2月9日电(记者武思宇)当地时间9日凌晨,中国救援队与当地救援队合作在土耳其重灾区哈塔伊省安塔基亚市一栋倒塌房屋的废墟中成功营救出一名孕妇。
中国救援队副队长赵洋告诉新华社记者,8日下午6时许,土方营救人员联系中国救援队,说在哈塔伊省安塔基亚市一栋8层倒塌房屋的废墟中发现一名孕妇,中国救援队随即到现场进行评估,与土方共同制定营救方案,全程提供专家指导与技术装备支持,双方通力合作,经过数小时艰苦努力,成功营救出被困孕妇。
中国救援队8日抵达土耳其阿达纳国际机场后,一刻没有停歇,经5小时车程赶到安塔基亚市,会同中国驻土耳其大使馆工作人员与当地政府协调沟通,在哈塔伊体育馆设立营地,搭建了指挥、通信、医疗、库房、住宿等设施,建立了救援行动营区。
中国救援队与土耳其哈塔伊省灾害与应急管理部门协调员积极对接,结合车辆运力、人员分工等实际情况,派出15人搜救小组实地开展现场勘查。土方表示将尽最大努力支持中国救援队开展救援工作,并对中方表示衷心感谢。(完)
1.2月9日凌晨,中国救援队与当地救援队在土耳其哈塔伊省安塔基亚市一处地震废墟展开营救(手机拍摄)。 新华社发(中国救援队供图)
2.2月9日凌晨,中国救援队与当地救援队在土耳其哈塔伊省安塔基亚市一处地震废墟展开营救(手机拍摄)。 新华社发(中国救援队供图)
3.2月9日凌晨,中国救援队与当地救援队在土耳其哈塔伊省安塔基亚市一处地震废墟展开营救(手机拍摄)。 新华社发(中国救援队供图)