Connect with us

Africa & Middle East

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက် ၁၅,၀၀၀ ကျော်ရှိလာ

တူရကီနိုင်ငံ ငလျင်ဒဏ်သင့် Adiyaman ပြည်နယ် Besni ခရိုင်တွင် ပျက်စီးနေသော အဆောက်အဦ၏ အပျက်အစီးကြား အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေးသမားများ ရှာဖွေနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Latakia ပြည်နယ် Rihawi နယ်မြေရှိ ပျက်စီးနေသော အဆောက်အအုံ၏ အပျက်အစီးကြား အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေးသမားများ ရှာဖွေနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၅,၃၈၃ ကျော်ရှိလာကြောင်း အာဏာပိုင်များနှင့် ကယ်ဆယ်ရေးသမားများမှ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ တူရကီနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေမှာ ၁၂,၃၉၁ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်၏ ပြောကြားချက်အား ကိုးကား၍ Anadolu အေဂျင်စီက ဖေဖော်ဝါရီ ၉ ရက်၌ သတင်းဖော်ပြခဲ့သည်။ (Xinhua)

………………………………

Quake death toll surpasses 15,000 in Türkiye, Syria
The death toll from Monday’s devastating earthquake in Türkiye and Syria has risen to 15,383, according to data released by authorities and rescuers.
The number of people killed in Türkiye due to the devastating earthquake has reached 12,391, the country’s Anadolu agency reported on Thursday, citing the Disaster and Emergency Management Authority.
Photo 1: Rescuers search for survivors among the rubble of a building destroyed in quake-hit Besni District of Adiyaman Province, Türkiye, Feb. 8, 2023. (Photo by Mustafa Kaya/Xinhua)
Photo 2: Rescue workers search for survivors among the rubble of a destroyed building in the Rihawi area in Latakia province, northwestern Syria, on Feb. 8, 2023. (Str/Xinhua)