Connect with us

Media

တရုတ်-ဂျာမနီ နှစ်နိုင်ငံ ဝန်ကြီးချုပ်များအတူ သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရ ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

ဘာလင်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholzနှင့်အတူ ဇွန် ၂၀ ရက် နံနက်ပိုင်းက ဘာလင်မြို့၌ကျင်းပသော သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရ ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

နှစ်နိုင်ငံ ဝန်ကြီးချုပ်များက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး ၊ စက်မှု၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ဌာနပေါင်း ၂၂ ခု၏ တာဝန်ရှိသူများက အစီရင်ခံပြောကြားသော တရုတ်-ဂျာမနီ သက်ဆိုင်ရာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ကြားနာခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု အခြေခံ ခိုင်မာ၍ အားကောင်းလျက်ရှိရာ ပို၍အဆင့်မြင့်၊ အရည်အသွေးမြင့်သော ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခြင်း ၊ ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်းပံ့ပိုးရေးကွင်းဆက်ကို တည်ငြိမ်အောင် အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့်ကိုက်ညီသလို အဓိကကျသော ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပါယ် ရှိကြောင်း နှစ်ဖက်စလုံးက ယူဆခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် ဥတုရာသီပြောင်းလဲမှုနှင့် အစိမ်းရောင်အသွင်ပြောင်းရေး တွေ့ဆုံဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်ရေး ယန္တရား တည်ဆောက်ရန် သဘောတူခဲ့ကြပြီး တတိယအကြိမ်မြောက် တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးကဏ္ဍ တွေ့ဆုံဆွေးနွေးမှု၊ အသစ်ဖြစ်သော တရုတ်-ဂျာမနီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ဖိုရမ်၊ ကျန်းမာရေးကဏ္ဍ တွေ့ဆုံဆွေးနွေးမှုများ ကျင်းပသွားရန်၊ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ အဆင့်မြင့် သိပ္ပံနည်းပညာ၊ စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများကို ဆက်လက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ဝန်ကြီးချုပ်များက ဥတုရာသီပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းမှု၊ ဆန်းသစ်ဖန်တီးမှု၊ ခေတ်မီထုတ်လုပ်မှု၊ အသက်မွေးဝမ်းကျောင်း ပညာရေးစသည့် ကဏ္ဍများ၏ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအား သက်သေပြုခဲ့ပြီး နှစ်ဦးအတူ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့သည်။
သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဂျာမနီ ဝန်ကြီးချုပ် Olaf Scholzနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
李强同德国总理朔尔茨共同主持第七轮中德政府磋商并举行会谈

新华社柏林6月20日电(记者黄燕 李超)当地时间6月20日上午,国务院总理李强在柏林总理府同德国总理朔尔茨共同主持第七轮中德政府磋商。
两国总理听取了双方外交、经贸、工业、财金、司法、交通、教育、科技、卫生、环保、发展等22个部门负责人关于推动中德在有关领域合作进展情况的汇报。
双方一致认为,中德合作基础扎实、充满活力。双方在更高水平、以更高标准和更高质量深化合作,共同维护全球产供链稳定,符合两国利益,也具有重要世界意义。双方一致同意建立气候变化和绿色转型对话合作机制,举行第三次中德高级别财金对话以及新一届中德环境论坛、卫生对话,继续深化经贸、投资、汽车制造、高科技、新能源、数字经济、人文等领域合作。
磋商后,两国总理共同见证签署应对气候变化、创新、先进制造、职业教育等领域多项双边合作文件,并共同会见记者。
第七轮中德政府磋商前,李强同朔尔茨举行会谈。