Connect with us

Media

အိန္ဒိယနိုင်ငံတွင် ရထားလမ်းချော်၍ ရထားချင်းတိုက်မိမှုအား စုံစမ်းစစ်ဆေး၊ အချင်းဖြစ်ပွားရာ လမ်းပိုင်း ပြန်လည် လည်ပတ်နေပြီဟုဆို

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိဿပြည်နယ် Balasore ခရိုင်၌ ဇွန် ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ရထားလမ်းချော်၍ ရထားချင်းတိုက်မိမှုအား စုံစမ်း စစ်ဆေးခြင်းများကို ဇွန် ၅ ရက်တွင် တရားဝင် စတင်ခဲ့သည်။ အချင်းဖြစ်ရပ်ကြောင့် အနည်ဆုံး လူပေါင်း ၂၇၅ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁,၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ရာ အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အဆိုးဝါးဆုံးသော ရထားချင်းတိုက်မိမှု ဖြစ်ခဲ့သည်။

လက်ရှိ အချင်းဖြစ်ပွားရာ ရထားလမ်းပိုင်းတွင် ပြန်လည် လည်ပတ်နေပြီ ဖြစ်ကြောင်းသိရသည်။
အိန္ဒိယ မီးရထားရေးရာဌာန အရာရှိများ၊ မျက်မြင်သက်သေများက ဇွန် ၅ ရက်မှစ၍ အနောက်ဘန်ဂါပြည်နယ် Kharagpur မြို့ တွင် စုစည်းပြီး အထောက်အထားစာရွက်စာတမ်းများ တင်ပြကာ ၂ ရက်ကြာ စုံစမ်းစစ်ဆေးမှုများကို ခံယူမည် ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးသော လုပ်ငန်းများကို အိန္ဒိယ မီးရထားဌာနခွဲ အရှေ့တောင်ပိုင်း မီးရထားလုံခြုံရေးအရာရှိ Anant Madhukar Chowdharyက ဦးဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Chowdhary က “ရောက်ရှိလာတဲ့ လူတိုင်းက စုံစမ်းစစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုက အချိန်တော့ ပေးရမယ်၊ ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင့်တွေတိုင်းကို ကျွန်တော်တို့ စိစစ်နေပါတယ်” ဟု ဆိုသည်။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အိန္ဒိယနိုင်ငံ ရထားလမ်းကွန်ရက် ထိပ်တန်း စီမံခန့်ခွဲမှုဌာန မီးရထားရေးရာကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ Kharagpur မြို့သည် အချင်းဖြစ်ပွားရာ Balasore ခရိုင် မြောက်ဘက် ၁၂၀ ကီလိုမီတာ အကွာခန့်တွင် တည်ရှိသည်။

အီလက်ထရောနစ် ချိတ်ဆက်စနစ်က ကိုလ်ကတ္တားမှ ချန်နိုင်းသို့ မောင်းနှင်သော ခရီးသည်တင်ရထားသို့ ရထားလမ်းပင်မကို မောင်းနှင်မည့် အချက်ပြခဲ့သော်လည်း နောက်ပိုင်းတွင် အချက်ပြမှုက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ကြောင်း The Times of India စသည့် သတင်းမီဒီယာများက ကနဦး စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ကိုးကား၍ ဇွန် ၄ ရက်တွင် ဖော်ပြခဲ့သည်။ ထို့နောက် ပတ်လမ်းတွင် မောင်းနှင်စဉ် ရပ်ထားသော ကုန်တင်ရထားနှင့်တိုက်မိပြီး ခရီးသည်တင်ရထား လမ်းချော်၍ ရထားတွဲများက တစ်ဘက်ရထားလမ်းသို့ လွင့်စင်ခဲ့ကြောင်း၊ တစ်ဘက်မှမောင်းနှင်လာသော ဘန်ဂလိုမြို့မှ ကိုလ်ကတ္တားသို့ မောင်းနှင်သော ခရီးသည်တင်ရထားသည် လမ်းချော်လွင့်စင်လာသည် ရထားတွဲနှင့် တိုက်မိခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာရာ မိုဒီက ဇွန် ၃ ရက်တွင် အချင်းဖြစ်နေရာသို့ သွားရောက်ခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံတွင် ကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းမတော်တဆမှုနှင့်ပတ်သတ်၍ တာဝန်ရှိသူများအနေဖြင့် ဥပဒေပြင်ပတွင် လွတ်ကင်းနေမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အချင်းဖြစ်လမ်းပိုင်းရှိ ခရီးသည်တင်ရထားများသည် ဇွန် ၅ ရက်တွင် ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း The Times of India သတင်းများ အရ သိရသည်။ ရိုက်တာသတင်းဌာနကမူ ယင်းနေ့တွင် အချင်းဖြစ်နေရာသို့ ဖြတ်သန်းသွားရမည့် ရထားခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

…………………………………
(Chinese Version)
印度调查列车脱轨相撞事故 事发路段恢复运营
新华社北京6月6日电 印度东部奥迪沙邦巴拉索尔地区2日晚发生的列车脱轨相撞事故调查工作5日正式启动。这是印度二十多年来最严重的列车相撞事故,导致至少275人死亡,近1200人受伤。
目前,事故发生路段铁路正在逐步恢复运营。
路透社报道,印度铁道部门官员、事故目击者5日起在西孟加拉邦克勒格布尔市集中,将提交证据文件、接受为期两天的调查。调查工作由印度铁道部分管东南部铁路安全的官员阿南特•马杜卡尔•乔杜里主持。
乔杜里说:“到场的每一个人都必须接受调查。调查将花一些时间,我们正在审视每一个可能的视角。”乔杜里将向作为印度国家铁路网最高管理机构的铁路委员会提交调查报告。
克勒格布尔位于事故发生地巴拉索尔地区以北大约120公里。
《印度时报》等媒体4日援引一份初步调查报告报道,电子联锁系统当时向由加尔各答开往金奈的客运列车发出驶入主线的信号,但之后信号取消。列车随后驶入环线并撞上一列静止的货运列车,导致客运列车脱轨,一些车厢冲上对向轨道。随后,一列由班加罗尔开往加尔各答的客运列车从对向轨道驶来,撞上脱轨车厢。
印度总理纳伦德拉•莫迪3日抵达事故现场视察,并前往医院看望伤员。他表示,任何责任方都不会逍遥法外。
据《印度时报》报道,事发路段的客运列车5日已经恢复运营。路透社报道,当天仍有部分途经事发路段的列车被取消。(包雪琳)