Connect with us

China

တရုတ်နိုင်ငံ ချုံချင့်မြို့၏ ကုန်းရေဆက်နွယ် ကုန်ရထားသယ်ယူပို့ဆောင်ရေးပမဏသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြင့်တက်လာ

ကုန်းလမ်း-ပင်လယ်ရေးကြောင်းလမ်း ဆက်နွယ်သည့် နိုင်ငံတကာ ကုန်သွယ်ရေးစင်္ကြံပထမဆုံး ရထားကြီး တရုတ်နိုင်ငံတောင်ပိုင်း ချုံချင့်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ မောင်းနှင်သွားသည်ကို ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချုံချင့်၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချုင့်မြို့တွင် ယင်းနှစ်၏ ဇန်နဝါရီမှ စက်တင်ဘာထိ (တတိယသုံးလပတ်)အတွင်း ရထားလမ်းနှင့်ပင်လယ်ရေကြောင်းလမ်း ဆက်နွယ်သယ်ယူပို့ဆောင်မှု ခရီးစဉ်ပေါင်း ၁,၄၉၃ ခု ရှိခဲ့ရာ ၎င်းမှာပြီးခဲ့သည့်နှစ်ကာလတူထက် ၇၇ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံး၏ ခရီးစဉ်ပေါင်း ၁,၂၉၇ ခုကို ကျော်လွန်ခဲ့ကြောင်း New Land-Sea Corridor Operation Co., Ltd၏ ဖော်ပြချက်များအရ သိရသည်။

ယင်းကာလအပိုင်းအခြားတွင် ကွန်တိန်နာပေါင်း ၇၅,၀၀၀ လုံး၊ တန်ဖိုးအားဖြင့် ယွမ် ၉.၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့်) သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဒီနှစ် တတိယသုံးလပတ်မှာ ချုံချင့်အဓိကဂိတ်တွေက သယ်ယူပို့ဆောင်မှုပမာဏဟာ ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားတယ်။ ကုန်းရေဆက်နွယ် နိုင်ငံတကာကုန်သွယ်ရေးစင်္ကြံက ဒေသခံလုပ်ငန်းတွေကို သယ်ယူပို့ဆောင်ရေးစရိတ်လျော့နည်းစေပြီး သယ်ယူပို့ဆောင်မှုတွေကို ပိုမိုထိရောက်စေခဲ့တယ် ”ဟု ယင်းကုမ္ပဏီ လုပ်ငန်းလည်ပတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ကျားကျွင်းက ဆိုသည်။

ကုန်းရေဆက်နွယ် နိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ်သည် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်အဆင့်ဒေသများ အတူတည်ဆောက်ထားသည့် ကုန်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် ဖြစ်ရာ ချုံချင့်မြို့သည် ယင်းစင်္ကြံလည်ပတ်မှု၏ ဗဟိုအချက်အချာ ဖြစ်သည်။

အဆိုပါစင်္ကြံသည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၆ ခု၏ ဆိပ်ကမ်းပေါင်း ၃၀၈ ခုထိ ဖြန့်ကျက်ထားရာ ကုန်ပစ္စည်းအမျိုးအစားပေါင်း ၆၄၀ ကျော်ကို သယ်ယူပို့ဆောင်လျက်ရှိသည်။ (Xinhua)

ပုံစာ-

————————————
(English Version)
Land-sea freight transport from China’s Chongqing surges in Jan.-Sept.
2021-10-04 15:38:52
Photo taken on April 26, 2019 shows the first “new international land-sea trade corridor” rail-ocean intermodal train bound for Indonesia in southwest China’s Chongqing. (Xinhua/Liu Chan)
CHONGQING, Oct. 4 (Xinhua) — Southwest China’s Chongqing Municipality has witnessed 1,493 rail-sea freight trips in the first three quarters of 2021, up 77 percent year on year, surpassing the 1,297 trips made in all of 2020, according to the New Land-Sea Corridor Operation Co., Ltd.
A total of 75,000 standard containers worth 9.8 billion yuan (about 1.5 billion U.S. dollars) were transported during the period.
“In the first three quarters of this year, the number of trips shipped by major stations in Chongqing increased by more than 40 percent. The New International Land-Sea Trade Corridor has reduced transportation costs and improved transportation efficiency for local enterprises,” said Jia Jun, deputy director of the operation department of the company.
The New International Land-Sea Trade Corridor is a trade and logistics passage jointly built by Singapore and provincial-level regions of western China. Chongqing Municipality is the center of operations for the corridor.
The New International Land-Sea Trade Corridor has expanded its reach to 308 ports in 106 countries and regions worldwide, and more than 640 kinds of goods are transported. ■