Connect with us

China

ရှင်းကျန်းနယ်စပ်စခန်းမြို့တွင် တရုတ်-ဥရောပကုန်တင်ရထား ၄,၉၀၀ စင်း လက်ခံနိုင်ခဲ့

ကာဇက်စတန်နိုင်ငံသို့ ထွက်ခွာမည့် X9041 ရထားအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချိ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်မြောက်ဘက်ရှိ Horgos စခန်းမြို့တွင် ယခုနှစ် အောက်တိုဘာ ၁၀ ရက်အထိ တရုတ်-ဥရောပကုန်တင်ရထား ၄,၉၀၀ စင်း လက်ခံနိုင်ခဲ့ကြောင်း ဒေသတွင်းရထားလုပ်ငန်းအာဏာပိုင်များအဆိုအရ သိရသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ အဆိုပါစခန်းမြို့တွင် တရုတ်-ဥရောပကုန်တင်ရထား ၄,၇၄၈ စင်း လက်ခံနိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၃၄.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Horgos ရထားလုပ်ငန်းဦးစီးဌာနက ပြောကြားခဲ့သည်။

အလယ်အာရှနှင့် ဥရောပသို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးသို့ တရုတ်နိုင်ငံ၏ အနီးဆုံးစခန်းမြို့ဖြစ်သော Horgos မြို့တွင် စုစုပေါင်းရထားကုန်စည်ပမာဏမှာ တန် ၆.၈ သန်းတန်ဖြစ်ပြီး ယမန်နှစ်ကထက် ၄၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

လက်ရှိတွင် အဆိုပါ နယ်စပ်စခန်းမြို့မှတစ်ဆင့် ဖြတ်သန်းသွားလာသော ကုန်တင်ရထားလိုင်း ၄၄ လိုင်းရှိပြီး နိုင်ငံ ၁၈ နိုင်ငံရှိ မြို့ပေါင်း ၄၅ မြို့နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ရှင်းကျန်းဒေသရှိ နောက်ထပ် အဓိကရထားစခန်းမြို့ဖြစ်သော Alataw Pass မြို့သည်လည်း ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကြားကာလတွင် တရုတ်-ဥရောပကုန်တင်ရထား ၄,၅၁၀ စင်း လက်ခံနိုင်ခဲ့ကြောင်း ဒေသတွင်းရထားလုပ်ငန်းအာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Xinjiang border port handles 4,900 China-Europe freight trains
Source: Xinhua| 2021-10-11 11:26:57|Editor: huaxia
URUMQI, Oct. 11 (Xinhua) — Horgos Port in northwest China’s Xinjiang Uygur Autonomous Region has handled 4,900 China-Europe freight trains this year as of Sunday, according to local railway authorities.
The railway department of Horgos said that, from January to September, the port handled 4,748 China-Europe freight trains, up 34.3 percent year on year.
The total rail freight volume in Horgos, China’s closest port to Central Asia and Europe by land transport, reached 6.8 million tonnes, up 48.5 percent year on year. This included an export freight volume of more than 3.9 million tonnes, up 32.7 percent year on year.
There are currently 44 freight train lines passing through the port, linking 45 cities in 18 countries.
Alataw Pass, another major rail port in Xinjiang, handled 4,510 China-Europe freight trains between Jan. 1 and Oct. 6 this year, said local railway authorities. Enditem
Photo : The X9041 train leaves Xi’an International Port for Kazakhstan in Xi’an, northwest China’s Shaanxi Province, April 13, 2021. Xi’an, capital of northwest China’s Shaanxi Province, on Tuesday saw the 1,000th China-Europe freight train trip this year. (Xinhua/Li Yibo)