Connect with us

Eastern Europe

အီရန်နိုင်ငံ Bushehr နျူကလီးယားစက်ရုံ “နည်းပညာချို့ယွင်းချက်” ကြောင့် ယာယီပိတ်ထား

အီရန်နိုင်ငံ တောင်ပိုင်း Bushehr မြို့ရှိ Bushehr နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်မှု ဒုတိယအဆင့်တွင် အလုပ်လုပ်ကိုင်နေသူများအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တောင်ပိုင်းရှိ Bushehr နျူကလီးယားစွမ်းအင်စက်ရုံသည် “နည်းပညာဆိုင်ရာချို့ယွင်းချက်” ကြောင့် ယာယီပိတ်ထားလိုက်ရကြောင်း အီရန် အဏုမြူစွမ်းအင်အဖွဲ့ (AEOI) က ဇွန် ၂၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

၎င်းစွမ်းအင်စက်ရုံအား ယာယီပိတ်ခဲ့ကြောင်းနှင့် အီရန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနထံ တစ်ရက်ကြိုတင် အသိပေးချက် ပေးပို့ပြီးနောက် အီရန် အမျိုးသား လျှပ်စစ်ကွန်ရက်မှ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း AEOI က ဆိုသည်။

AEOI က စက်ရုံအနေဖြင့် ကွန်ရက်နှင့် ပြန်လည်ချိတ်ဆက်ပြီးနောက် ယင်းကိစ္စအား ရက်အနည်းငယ်အတွင်း ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းဖြည့်စွက်ပြောကြားခဲ့သည်။

စက်ရုံပိတ်ထားလိုက်ခြင်းကြောင်း လာမည့် သုံးရက် သို့မဟုတ် လေးရက်အတွင်း လျှပ်စစ်ပြတ်တောက်မှုအချို့ ဖြစ်ပေါ်နိုင်ကြောင်း Tavanir လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီရှိ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

Bushehr မြို့မှ အရှေ့တောင်ဘက် ၁၇ ကီလိုမီတာ၌ တည်ရှိပြီး ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ရှိသော Bushehr စွမ်းအင်စက်ရုံသည် ၂၀၁၁ ခုနှစ် စက်တင်ဘာ၌ လျှပ်စစ်ပေးပို့မှု စတင်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် အသီးသီးဖွင့်လှစ်မည့် အဆိုပါ စက်ရုံ၏ ဒုတိယနှင့် တတိယ ဓာတ်ပေါင်းဖိုများကိုလည်း ထပ်မံလုပ်ကိုင်ရန် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Iran’s Bushehr nuclear plant temporarily shut down over “technical failure”
TEHRAN, June 21 (Xinhua) — A “technical failure” led to the shutdown of the Bushehr nuclear power plant in southern Iran, the Atomic Energy Organization of Iran (AEOI) said in a statement issued Sunday evening.
The power plant was “temporarily” shut down and disconnected from the Iranian national electricity network after a one-day prior notification to Iran’s Ministry of Energy, the AEOI said.
The AEOI added that it expects to solve the issue in “a few days,” after which the plant will be reconnected to the network.
Due to the shutdown, some power shortages can be expected in the next “three or four days,” an official at the Tavanir electricity distribution company said in an interview with the state TV.
The Bushehr power plant, located 17 km southeast of the city of Bushehr and under the cooperation with Russia, began supplying electricity in September 2011.
In November 2014, Iran and Russia signed a cooperation agreement to add a second and third reactors to the plant, which are scheduled to be inaugurated in 2024 and 2026 respectively. Enditem
Photo : Laborers work at the construction site of the second phase of Iran’s Bushehr Nuclear Power Plant in Bushehr, southern Iran, on Nov. 10, 2019. (Photo by Ahmad Halabisaz/Xinhua)