Connect with us

Africa & Middle East

တရုတ်နိုင်ငံက အရပ်သားများထိခိုက်စေခြင်း၊ နိုင်ငံတကာဥပဒေ ချိုးဖောက်ခြင်း ဆောင်ရွက်မှုများကို ပြစ်တင်ရှုတ်ချ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း ပျက်စီးသွားသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အရပ်သားများထိခိုက်စေခြင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်ခြင်း အပြုအမူများကို ကန့်ကွက်ကြောင်းနှင့် ပြစ်တင်ရှုတ်ချကြောင်း ဂါဇာဒေသရှိ အရပ်သားများကို ကူညီပေးရေး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုကွန်ဖရင့်တွင် တရုတ်နိုင်ငံ အထူးသံတမန်က နိုဝင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း ပျက်စီးသွားသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အချိန်တစ်လကျော်ကြာပြီဖြစ်သော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခပြန်လည်ဖြစ်ပွားခဲ့ခြင်း၊ အရပ်သားအများအပြားသေဆုံးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေဆိုးရွားခြင်းတို့အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း နိုင်ငံနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ စုဝေးကျင်းပသောကွန်ဖရင့်၌ တရုတ်နိုင်ငံ အစိုးရ၏ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် ကျိုင်ကျွင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပဋိပက္ခအရှိန်လျှော့ချရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရန်၊ အရပ်သားများ ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများ ဖြေလျှော့ရေး ဆောင်ရွက်သည့် မည်သည့်ဆောင်ရွက်မှုမျိုးကိုမဆို ကြိုဆိုကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တက်ကြွစွာတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ပါလက်စတိုင်းပြည်သူများအား ၎င်းတို့၏ တရားဝင်နိုင်ငံအခွင့်အရေး ပြန်လည်ထိန်းသိမ်းရာတွင် မှန်ကန်သော အကြောင်းတရားကို အခိုင်အမာထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြင်တွေ့ရန် အရိုးသားဆုံးမျှော်လင့်ကြောင်း ကျိုင်က ဖြည့်စွက်ပြောခဲ့သည်။
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ ကုလသမဂ္ဂ ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းအေဂျင်စီနှင့် ပါလက်စတိုင်းအာဏာပိုင်မှတစ်ဆင့် ဂါဇာဒေသရှိ အရပ်သားများထံ အရေးပေါ် လူသားချင်းစာနာမှုငွေကြေးအကူအညီများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာ၊ ဆေးဝါးနှင့် အခြား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဂါဇာရှိ ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့အညီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ပေးအပ်သွားမှာပါ” ဟု ကျိုင်က ဆိုသည်။ (Xinhua)

………………………………
(English Version)
China opposes, condemns acts harming civilians, violating int’l law: special envoy
PARIS, Nov. 9 (Xinhua) — China opposes and condemns acts that harm civilians and violate international humanitarian law, a special envoy of the Chinese government said here Thursday at an international humanitarian conference on aid to civilians in Gaza.
China is deeply saddened by the new round of Palestine-Israel conflict that has dragged on for over a month, killed a huge number of civilians, and deteriorated the humanitarian situation, Zhai Jun, special envoy of the Chinese government on the Middle East issue, said in a speech at the conference that gathered heads of state and government as well as officials from international and regional organizations.
He said that China supports all efforts to de-escalate the conflict and resume the peace process, and welcomes any initiative that is conducive to protecting civilians and easing the humanitarian crisis.
China has been actively promoting peace talks and firmly supports the just cause of the Palestinian people in restoring their legitimate national rights, said Zhai, adding that China sincerely hopes to see the peaceful coexistence between Palestine and Israel.
He said that China has also provided emergency humanitarian cash assistance to the civilians in Gaza through the United Nations Relief and Works Agency for Palestine Refugees in the Near East and the Palestinian National Authority, and has delivered food, medicine and other emergency humanitarian aids to the Gaza Strip.
“We will continue to provide humanitarian aid in diverse forms and in accordance with the needs of the people in Gaza,” said Zhai.
Photo 1, 2: This photo taken on Nov. 9, 2023 shows buildings destroyed in Israeli airstrikes in the southern Gaza Strip city of Khan Younis. (Photo by Rizek Abdeljawad/Xinhua)