Connect with us

China

Cho Oyu တောင်တွင် သိပ္ပံပညာရပ်ဆိုင်ရာသုတေသနပြုလုပ်ရန် တရုတ်လေ့လာရေးအဖွဲ့ ရောက်ရှိ

Cho Oyu တောင်ပေါ်ရှိ အလိုအလျောက်လည်ပတ်သော ရာသီဥတုစခန်း တည်ဆောက်နေသော တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Cho Oyu တောင်အခြေစိုက်စခန်း၊ တိဗက်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အဖွဲ့ဝင် ၁၈ ဦး ပါဝင်သော တရုတ်စူးစမ်းလေ့လာရေးအဖွဲ့သည် ကမ္ဘာ့ ဆဋ္ဌမအမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် Qowowuyag တောင်ဟု လူသိများသော Cho Oyu တောင်ထိပ်ပေါ်သို့ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက် နံနက် ၉:၁၅ နာရီက ရောက်ရှိခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်းမားတောင်အပြင် တရုတ်သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၀၀၀ ကျော် မြင့်မားသော တောင်ထိပ်ကို လေ့လာခြင်းဖြစ်သည်။

Cho Oyu တောင်ပေါ်ရှိ အလိုအလျောက်လည်ပတ်သော ရာသီဥတုစခန်း တည်ဆောက်နေသော တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Cho Oyu တောင်ထိပ်ပေါ်တွင် ဆီးနှင်းနှင့် ရေထုကို တိုင်းတာနေသော တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

 

တရုတ်-နီပေါနယ်စပ်တွင် တည်ရှိသော Cho Oyu တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈,၂၀၁ မီတာ မြင့်မားပြီး ကမ္ဘာပေါ်၌ ဆဋ္ဌမမြောက်အမြင့်ဆုံးတောင်ဖြစ်သည်။

အဆိုပါ စူးစမ်းလေ့လာမှုတွင် ပင်လယ်ရေမျက်နှာပြင်အထက် လွန်စွာမြင့်မားသောနေရာရှိ အလိုအလျောက်လည်ပတ်သော မိုးလေဝသစခန်းများ တည်ဆောက်ခြင်း၊ တောင်ထိပ်ရှိ ဆီးနှင်းနှင့် ရေခဲထုကို တိုင်းတာခြင်း၊ ရေခဲအူတိုင်တူးဖော်ခြင်းနှင့် ဆီးနှင်းနှင့် ရေခဲနမူနာများ စုဆောင်ခြင်း စသည့် လုပ်ငန်းတာဝန်များစွာ ပါဝင်ကြောင်း သိရသည်။

သိပ္ပံပညာရှင်များက အာရှ၏ “ရေမျှော်စင်” တွင် ပြောင်းလဲမှုများ၊ ဂေဟစနစ်နှင့် ကာဗွန်သံသရာ၊ လူသားတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် နေထိုင်မှုပတ်ဝန်းကျင် ဘေးကင်းရေး၊ သတ္တုအရင်းအမြစ်များနှင့် ဘူမိဗေဒပတ်ဝန်းကျင် စသည့် အဓိကကိစ္စရပ်များပေါ်၌ အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ပင်လယ်ရေမျက်နှာအထက် လွန်စွာမြင့်မားသောနေရာများနှင့် ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်၏ ဂေဟဗေဒပတ်ဝန်းကျင်ဆိုင်ရာ လွန်ကဲသောလုပ်ငန်းစဉ်များ၌ ပြောင်းလဲမှုများ၏ သက်ရောက်မှုကို ပိုမို ကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်မည်ဟု မျှော်လင့်ကြောင်း စူးစမ်းလေ့လာရေးလုပ်ငန်း ကြီးကြပ်သူ An Baosheng က ပြောခဲ့သည်။

Cho Oyu တောင်ထိပ်သည် အသင့်အတင့်ကျယ်ပြန့်ပြီး ၎င်းမှာ ကမ္ဘာပေါ်ရှိ အမြင့်ဆုံးတောင်ထိပ်များတွင် လွန်စွာရှားပါးသည်။ ကနဦး သုတေသနပြုချက်အရ တောင်ထိပ်ပေါ်ရှိ ရေခဲထုသည် ၇၀ မီတာကျော်အထိ ရှိနိုင်ကြောင်းနှင့် ရေခဲအူတိုင်များမှာလည်း အရည်အသွေးကောင်းမွန်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ (CAS) မှ ပညာရှင် ယောင်ထန်တုံက ပြောကြားခဲ့သည်။
စက်တင်ဘာလကုန်ပိုင်းမှစ၍ သိပ္ပံပညာရှင် ၁၂၀ ဦးသည် အဆိုပါ တောင်အနီးဝန်းကျင်တွင် ရေ၊ ဂေဟဗေဒနှင့် လူသားတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို သုတေသနဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese expedition team reaches Mt. Cho Oyu summit for scientific research
MOUNT CHO OYU BASE CAMP, Tibet, Oct. 1 (Xinhua) — A Chinese expedition team comprising 18 members reached the summit of Mount Cho Oyu, also known as Mt. Qowowuyag, at 9:15 a.m. on Sunday to carry out scientific research on the world’s sixth-highest peak. This is the first time Chinese scientists have scaled a peak exceeding 8,000 meters in altitude apart from Mt. Qomolangma, the world’s highest summit.
Located on the China-Nepal border, Mt. Cho Oyu is the sixth-highest mountain in the world with an altitude of 8,201 meters.
The expedition carried out a number of tasks such as setting up automatic weather stations at extremely high altitudes, measuring the thickness of snow and ice on the summit, drilling ice cores and collecting snow and ice samples.
An Baosheng, the on-site commander of the expedition, said the scientists focused on major issues such as changes in Asia’s “water tower,” ecosystem and carbon cycle, human activities and the safety of the living environment, mineral resources and geological environment, hopefully to better understand the impact of changes in extremely high-altitude areas and extreme processes on the ecological environment of the Qinghai-Tibet Plateau.
The summit of Mount Cho Oyu is fairly wide, which is very rare among the highest peaks in the world. According to the preliminary research, the ice on the summit could be as thick as more than 70 meters, and the ice cores are of good quality, Yao Tandong, an academician with the Chinese Academy of Sciences (CAS) said.
Since the end of September, a total of 120 scientists have been conducting research on water, ecology and human activities around the mountain.
Photo 1, 2: Members of a Chinese expedition team set up an automatic weather station on Mount Cho Oyu, Oct. 1, 2023. (Xinhua)
Photo 3, 4: Members of a Chinese expedition team measure the thickness of snow and ice on the summit of Mount Cho Oyu, Oct. 1, 2023. (Xinhua)