Connect with us

Africa & Middle East

ဟားမက်စ်နှင့် ပဋိပက္ခ ဆက်လက်မြင့်တက်နေသဖြင့် “စစ်မက်ဖြစ်ပွားနေကြောင်း” အစ္စရေးကြေညာ

အစ္စရေးနိုင်ငံ တောင်ပိုင်း Ofakim မြို့တွင် အစ္စရေးစစ်သားများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ilan Assayag/JINI via Xinhua)

ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံအတွင်း ဟားမက်စ်က ရုတ်တရက်တိုက်ခိုက်မှုကြောင့် လူ ၇၀၀ ထက်မနည်းသေဆုံးခဲ့ပြီး အစ္စရေးကလည်း ဂါဇာဒေသသို့ လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၁၃ ဦး သေဆုံးခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်၌ “စစ်မက်ဖြစ်ပွားနေကြောင်း” အစ္စရေးအစိုးရအဖွဲ့က ကြေညာခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း Rafah မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၌ သေဆုံးခဲ့သော ကလေးငယ်များ၏ ရုပ်အလောင်းများကိုင်ဆောင်ထားသူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားမက်စ်စစ်သွေးကြွများက အစ္စရေးနယ်မြေများတွင် အစ္စရေးစစ်သားများကို တိုက်ခိုက်လျက်ရှိသလို အောက်တိုဘာ ၈ ရက်တွင် ဂါဇာဒေသရှိ ပစ်မှတ်များကို အစ္စရေးစစ်တပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ နေရာများစွာကို ဟားမက်စ်စစ်သွေးကြွများက ဆက်လက်ထိန်းချုပ်ထားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီရယ် ဟာဂါရီက ပြောခဲ့သည်။

ဂါဇာ-အစ္စရေး ခြံစည်းရိုးအနီး ကျေးလက် စိုက်ပျိုးမွေးမြူရေးခြံတွင် ဂီတဖျော်ဖြေပွဲတစ်ခုဖြစ်သော Nova ပွဲတော်တွင် ပါဝင်နေကြသော လူငယ်အမျိုးသမီးနှင့် အမျိုးသား ၂၆၀ ခန့်တို့၏ ရုပ်အလောင်းများကို စုသိမ်းခဲ့ရကြောင်း အစ္စရေးကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သူ ဇာကာက ထုတ်ပြန်ချက်၌ ပြောခဲ့သည်။

အောက်တိုဘာ ၈ ရက် ညပိုင်းအထိ ပွဲတော်တက်ရောက်လာသူများစွာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံအတွင်း ဟားမက်စ်အဖွဲ့က ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်ခတ်ခြင်းအပါအဝင် ရုတ်တရက် အပြင်းအထန် ဝင်ရောက်တိုက်ခိုက်မှုပြီးနောက် ဆွေမျိုးများ၊ မိတ်ဆွေများကို ရှာဖွေရန်ကြိုးစားနေသူများဖြင့် လူမှုမီဒီယာပေါ်၌ ဖုံးလွှမ်းနေကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Israel declares “state of war” as conflict with Hamas continues
JERUSALEM/GAZA, Oct. 8 (Xinhua) — Israel’s cabinet declared a “state of war” on Sunday after a massive surprise attack launched by Hamas has so far killed at least 700 in Israel while retaliatory Israeli airstrikes killed at least 413 in Gaza.
The Israeli army continued its extensive airstrikes on targets in Gaza on Sunday as Hamas militants are fighting with Israeli soldiers on Israeli territories.
Hamas militants remained in control of several communities in southern Israel on Sunday evening, the IDF Spokesman Daniel Hagari said.
Zaka, an Israeli rescue service, said in a statement that it has collected the remains of about 260 young women and men who were partying at the Nova festival, an outdoor music event in a rural farmland area near the Gaza-Israel fence.
Many festival attendees were still missing on Sunday night. Social media was flooded with people trying to locate their relatives and friends after Hamas militants raided the festival and other locations in the area as part of the massive surprise attack on Israel that included the firing of thousands of rockets.
Photo 1: This photo taken on Oct. 8, 2023 shows Israeli soldiers at the southern Israeli town of Ofakim. (Ilan Assayag/JINI via Xinhua)
Photo 2: People hold the bodies of children died in an Israeli airstrike in the southern Gaza Strip city of Rafah on Oct. 8, 2023. (Photo by Khaled Omar/Xinhua)