Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၏ မြောက်ဘက်ခန်းမတွင် အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh အား ကြိုဆိုခြင်းအခမ်းအနား ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်းမ်မင်းချင်း (Pham Minh Chinh) နှင့် ပေကျင်းမြို့၌ ဇွန် ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ယခုနှစ်သည် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ထောင်ခြင်း ၁၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှုအရ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံကြား ခိုင်မာသောအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၏ မြောက်ဘက်ခန်းမတွင် အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh တို့ ဆွေးနွေးနေကြသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ မှန်ကန်သောနိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ကျင့်သုံးရေး၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းများ၌ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ တရုတ်-အာဆီယံနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) မူဘောင်အတွင်း နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုရှိရေး လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း လီက ပြောခဲ့သည်။ (Xinhua)

———————————
Chinese premier holds talks with Vietnamese PM
BEIJING, June 26 (Xinhua) — Chinese Premier Li Qiang held talks with visiting Prime Minister of Vietnam Pham Minh Chinh on Monday in Beijing.
This year marks the 15th anniversary of the establishment of the China-Vietnam comprehensive strategic cooperative partnership, Li said, noting that under the guidance of the two countries’ leaders, relations between the two parties and countries have maintained a sound momentum.
China is willing to work with Vietnam to practice true multilateralism, strengthen coordination and cooperation in the United Nations and other multilateral institutions, and deepen cooperation within the China-ASEAN and Lancang-Mekong Cooperation (LMC) frameworks, Li said.
Photo 1: Chinese Premier Li Qiang holds a welcoming ceremony for visiting Prime Minister of Vietnam Pham Minh Chinh in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, June 26, 2023. (Xinhua/Rao Aimin)
Photo 2: Chinese Premier Li Qiang holds talks with visiting Prime Minister of Vietnam Pham Minh Chinh at the Great Hall of the People in Beijing, capital of China, June 26, 2023. (Xinhua/Shen Hong)