Connect with us

China

တရုတ်နိုင်ငံ မော်တော်ကားလုပ်ငန်း အရည်အသွေးမြင့်မားစွာ တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းပွဲအတွင်း BYD Denza N7 ကားကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ (NEV) ဦးဆောင်ထုတ်လုပ်သူဖြစ်သော BYD က အစီးရေ ၅ သန်းမြောက် NEV ကားကို ဩဂုတ် ၉ ရက်က ထုတ်လုပ်လိုက်ပြီဖြစ်သည်။
တရုတ်နိုင်ငံသည် ၁၄ နှစ်ဆက်တိုက် ကမ္ဘာ့အကြီးဆုံး မော်တော်ကားထုတ်လုပ် ရောင်းချသောနိုင်ငံဖြစ်သလို စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ (NEVs) ထုတ်လုပ်ရောင်းချမှုအနေဖြင့်လည်း ၈ နှစ်ဆက်တိုက် ကမ္ဘာ့ဈေးကွက် ထိပ်တန်း၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ Lotus ကားကုမ္ပဏီ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ Lotus ကားကုမ္ပဏီ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အထူးသဖြင့် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုများမှာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်း ကားအစီးရေ ၁.၀၇ သန်းခန့် မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံသည် ဂျပန်ကိုပင်ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး မော်တော်ကားတင်ပို့သူ ဖြစ်လာကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။

စွမ်းအင်သစ်သုံးမော်တော်ယာဉ်များသည် တရုတ်နိုင်ငံ၏ မော်တော်ကားတင်ပို့မှု၏ အထင်ကရတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ တရုတ်မော်တော်ကား ထုတ်လုပ်သူများသည် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ NEVs ကားအစီးရေ ၄၅၇,၀၀၀ စီး တင်ပို့ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁.၆ ဆ တိုးမြင့်လာခဲ့သည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သူများသည် ၂၀၂၀ ပြည့်နှစ်မှစ၍ ပြည်ပ အဓိကမော်တော်ကား ဈေးကွက်များသို့ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏ပင်ရင်းနည်းပညာများပေါ် အမှီပြုလျက် ယှဉ်ပြိုင်မှုပိုမိုများပြားလာကာ ဈေးကွက်ဗျူဟာများ ချမှတ်လာကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s auto industry witnesses high-quality growth

BEIJING, Aug. 10 (Xinhua) — The five millionth new energy vehicle (NEV) produced by China’s leading NEV manufacturer BYD rolled off the production line on Wednesday.
China has been the world’s largest automobile production and sales country for 14 consecutive years, and the production and sales of new energy vehicles (NEVs) topped the global market for the eighth year in a row.
Particularly, China’s vehicle exports soared to around 1.07 million units in the first quarter of 2023, data from the General Administration of Customs showed, indicating that China had become the world’s largest auto exporter in the period, even outpacing Japan.
NEVs are a highlight of China’s vehicle exports. According to data from the China Association of Automobile Manufacturers, Chinese auto manufacturers exported 457,000 units of NEVs from January to May this year, an increase of 1.6 times over the same period last year.
Since 2020, China’s electric car manufacturers have begun to enter the overseas mainstream automobile markets and become more competitive relying on their original technologies and targeted market strategies.
Photo 1: This photo taken on Aug. 9, 2023 shows a BYD Denza N7 during a press conference in Shenzhen, south China’s Guangdong Province. (Xinhua/Liang Xu)
Photo 2,3: This photo taken on Jan. 11, 2023 shows workers working at a factory of Lotus in Wuhan, central China’s Hubei Province. (Xinhua/Xiao Yijiu)