Connect with us

North America

အမေရိကန်နိုင်ငံ ဟာဝိုင်ယီတောမီးကြောင့် သေဆုံးသူ ၆၇ ဦးအထိရှိလာ

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui photos/Xinhua)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၆၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အဆိုပါခရိုင်တာဝန်ရှိသူများက ဩဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။

Lahaina တွင် လောင်ကျွမ်းနေဆဲဖြစ်သော တောမီးငြှိမ်းသတ်ရေးကြိုးပမ်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသလို ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းအထိ ထပ်မံသေဆုံးသူ ၁၂ ဦးရှိသည်ဟု အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ တာဝန်ရှိသူက ပြောကြားထားသည်။

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui photos/Xinhua)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui photos/Xinhua)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui photos/Xinhua)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui photos/Xinhua)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတွင် တောမီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- County of Maui photos/Xinhua)

သေဆုံးသူများအနေဖြင့် ဩဂုတ် ၉ ရက်တွင် ၃၆ ဦးနှင့် ဩဂုတ် ၁၀ ရက်၌ ၁၉ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ “Lahaina တောမီးကို မထိန်းနိုင်သေးကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Maui ခရိုင်က မီးလောင်မှုဒဏ်ခံရသော သတ်မှတ်ဇုန်အတွင်းဝင်ရောက်ခွင့်ကန့်သတ်ကြောင်းနှင့် သမိုင်းဝင် Lahaina မြို့၌ ည ၁၀ နာရီမှ နံနက် ၆ နာရီအထိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ဩဂုတ် ၁၁ ရက် အစောပိုင်းက ထုတ်ပြန်ထားခဲ့သည်။ (Xinhua)

………………………………
(English Version)
Death toll from U.S. Hawaii wildfire rises to 67
LOS ANGELES, Aug. 11 (Xinhua) — The death toll from wildfires burning in the U.S. state of Hawaii’s Maui jumped to 67, Maui County officials said Friday.
As firefighting efforts continue, 12 additional fatalities have been confirmed as of Friday afternoon amid the active Lahaina fire, which brings the death toll to 67 people, a press release issued by the authority said.
Thirty-six fatalities were confirmed Wednesday, and another 19 were confirmed Thursday. “The Lahaina fire is not yet contained,” it said.
Early Friday, Maui County also announced limited access into the restricted zone affected by the blaze and a curfew from local time 10 p.m. to 6 a.m. daily in historic Lahaina town.
Photo 1-6 : Photo released by County of Maui on Aug. 10, 2023 shows houses destroyed in a devastating wildfire on Maui Island, Hawaii, the United States. (County of Maui photos/Xinhua)