Connect with us

China

တရုတ်နိုင်ငံက ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ဆောင်ရွက်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် လိုင်ရွှေခရိုင် ဆန်းဖောမြို့ ဆန့်ကျွမ်းကျေးရွာသို့ သွားသော လမ်းမအား ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တာဝန်ရှိသူများက ရေဘေးကယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ဒေသများ၌ လူနေမှုပုံစံနှင့် ထုတ်လုပ်မှုများကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဒဏ်ခံစားရသူများအား ကယ်ဆယ်ရေး ဆောင်ရွက်ရန်နှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ယွမ် ၁.၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀၄ သန်းခန့်) လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနအရ သိရသည်။
အဆိုပါ ရန်ပုံငွေများကို ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေ၊ ဟေးလုံကျန်းနှင့် ကျီလင် စသည့် ပြည်နယ်အဆင့်ဒေသများထံ ခွဲဝေအသုံးပြုသွားမည်ဖြစ်သည်။
ရန်ပုံငွေများ ခွဲဝေခြင်းနှင့်အတူ ဗဟိုအစိုးရကလည်း ယခုနှစ် ရေကြီးရေလျှံလေ့ရှိသောရာသီအစပိုင်းကတည်းက ရေဘေးထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ယွမ် ၇.၇၄ ဘီလီယံ လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China beefs up efforts in flood relief, reconstruction
BEIJING, Aug. 11 (Xinhua) — Chinese authorities have intensified flood relief and reconstruction efforts, working tirelessly to swiftly restore normalcy to the lives and production of flood-affected regions.
China on Friday earmarked 1.46 billion yuan (about 204 million U.S. dollars) to provide relief to people severely affected by recent floods and ensure their basic needs are met, according to the Ministry of Finance and the Ministry of Emergency Management.
The funds will be allocated to five provincial-level regions: Beijing, Tianjin, Hebei, Heilongjiang and Jilin.
Together with the funds already allocated, the central government has earmarked a total of 7.74 billion yuan for flood control and relief since the beginning of this year’s flood season.
Photo: This aerial photo taken on Aug. 9, 2023 shows a worker operating machinery to repair a road leading to Shangzhuang Village of Sanpo Town, Laishui County, north China’s Hebei Province. (Xinhua/Yang Shiyao)