Connect with us

China

တရုတ်နိုင်ငံက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အစိမ်းရောင်စွမ်းအင်လုပ်ငန်း အဆင့်မြှင့်တင်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ထိုက်ချန်းဆိပ်ကမ်းတွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အစိမ်းရောင်စွမ်းအင်လုပ်ငန်းသည် ကမ္ဘာကြီးတွင် ဦးဆောင်သူဖြစ်သလို နည်းပညာ အဆင့်မြှင့်တင်မှုများမှတစ်ဆင့် တရုတ်နိုင်ငံ၏ စွမ်းရည်မြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ် တစ်ခုလည်း ဖြစ်လာခဲ့သည်။

တရုတ်တွင် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာစွမ်းအင်နှင့် ဇီဝလောင်စာစွမ်းအင်၏ တပ်ဆင်စွမ်းအင်မှာ ကမ္ဘာ့ပထမအဆင့်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုစနစ် ရှိသည်။ ကုန်ကျစရိတ် သက်သာပြီး ဂေဟစနစ်နှင့် ကိုက်ညီမှုရှိသော စွမ်းအင်သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအချက်အချာတစ်ခု ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တင်ဆင်မှုမှာ ကီလိုဝပ် ၁.၃ ဘီလီယံ ကျော်လွန်လာခဲ့ကာ တရုတ်နိုင်ငံ သမိုင်းတွင် ပထမဆုံးအဖြစ် ကျောက်မီးသွေးစွမ်းအင် တပ်ဆင်မှုကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစွမ်းအင်ဌာန (NEA) မှ နောက်ဆုံးရအချက်အလက်များ၌ ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တပ်ဆင်မှုအနေဖြင့် လေအားလျှပ်စစ်၌ ကီလိုဝပ် ၃၈၉ သန်းရှိကာ ၁၃ နှစ်ဆက်တိုက် ကမ္ဘာ့ပထမအဆင့်တွင် ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်မှာလည်း ကီလိုဝပ် ၄၇၀ သန်း ရှိပြီဖြစ်ကာ ၈ နှစ်ဆက်တိုက် ကမ္ဘာ့ ပထမနေရာ၌ ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အစိမ်းရောင်စွမ်းအင်လုပ်ငန်းသည် စဉ်ဆက်မပြတ် နည်းပညာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခြင်းမှတစ်ဆင့် တိုးတက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China upgrades green power industry to boost high-quality development
BEIJING, Aug. 29 (Xinhua) — China’s green power industry, the global leader, is becoming a new driving force for China’s high-quality development through technological upgrades.
China has the world’s largest renewable power generation system, with the installed capacity of hydropower, wind power, solar power and biomass power generation ranking first in the world. This cheap and eco-friendly energy has become a key for high-quality development.
According to the latest data from the National Energy Administration (NEA), as of the end of June 2023, the installed capacity of renewable energy in China had exceeded 1.3 billion kilowatts, surpassing the installed capacity of coal power for the first time in China’s history.
A closer look at the installed capacity of renewable energy in China reveals that wind power is at 389 million kilowatts, ranking first in the world for 13 consecutive years, while the installed capacity of photovoltaic power is 470 million kilowatts, ranking first in the world for eight consecutive years.
China’s green energy industry has been developed through continuous technology upgrades.
Photo: This aerial photo taken on July 11, 2023 shows new energy vehicles for export at a terminal of Taicang Port, east China’s Jiangsu Province. (Photo by Ji Haixin/Xinhua)