Connect with us

Africa & Middle East

ဂါဇာဒေသမှ ဓားစာခံ ၆ ဦး လွတ်မြောက်

အစ္စရေးနိုင်ငံ Ramat Gan မြို့ရှိ ဆေးရုံတွင် ဂါဇာကမ်းမြောင်ဒေသမှ လွတ်မြောက်လာသော အစ္စရေးအမျိုးသမီး ဓားစာခံနှစ်ဦးကို တင်ဆောင်လာသည့် ရဟတ်ယာဉ်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဟားမက်စ်က ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဓားစာခံ နောက်ထပ် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်က လွှတ်ပေးခဲ့ကြောင်း၊ ယင်းနေ့အစောပိုင်းကလည်း အမျိုးသမီး ဓားစာခံနှစ်ဦး လွှတ်ပေးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။အဆိုပါ ဓားစာခံ ၆ ဦးကို အပြည်ပြည်ဆိုင်ရာ လခြမ်းနီအသင်း (ICRC) ကိုယ်စားလှယ်များက အီဂျစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ၎င်းတို့သည် ဂါဇာ၊ အီဂျစ်နှင့် အစ္စရေးတို့ကို ချိတ်ဆက်ထားသော Kerem Shalom နယ်စပ်တွင် အစ္စရေးစစ်သားများနှင့် တွေ့ဆုံသောနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ Ramat Gan မြို့ရှိ ဆေးရုံတွင် ဂါဇာကမ်းမြောင်ဒေသမှ လွတ်မြောက်လာသော အစ္စရေးအမျိုးသမီး ဓားစာခံနှစ်ဦးကို တင်ဆောင်လာသည့် ရဟတ်ယာဉ်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဆေးရုံများသို့မပို့ဆောင်မီ အစ္စရေးနိုင်ငံတောင်ပိုင်း Hatzerim အခြေစိုက်စခန်းတွင် ကနဦး ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဆေးရုံများ၌ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ဆုံဆည်းကြမည်ဖြစ်ကြောင်း IDF က ဆိုသည်။
အသစ်လွတ်မြောက်လာသော ဓားစာခံများတွင် အသက် Bedouin လူမျိုး ၁၈ နှစ်အရွယ် အမျိုသားတစ်ဦး၊ ၎င်း၏ အသက် ၁၇ နှစ်အရွယ် ညီမနှင့် အစ္စရေးအမျိုးသမီး လေးဦးတို့ပါဝင်ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းကလည်း အစ္စရေးအမျိုးသမီး ဓားစာခံနှစ်ဦးကို ဟားမက်စ်က လွှတ်ပေးခဲ့ကာ အစ္စရေးဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ယခု နောက်ဆုံးအကြိမ်လွတ်မြောက်လာသော ဓားစာခံ ၈ ဦးတို့သည် အစ္စရေးနှင့် ဟားမက်စ်ကြား လေးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲမှုအရ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယာယီအပစ်အခတ်ရပ်စဲရေးမှာ နိုဝင်ဘာ ၂၄ ရက်က စတင်ခဲ့ပြီး နောက်ထပ် ၃ ရက် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
6 more hostages released from Gaza: Israeli military
JERUSALEM, Nov. 30 (Xinhua) — Hamas released six more Israeli hostages from the Gaza Strip late on Thursday in addition to two female hostages released earlier in the day, the Israel Defense Forces (IDF) said.
In a statement, the IDF said that the representatives of the International Committee of the Red Cross (ICRC) had transferred the six hostages to Egypt. They reached a meeting point with Israeli soldiers at Kerem Shalom, a border crossing connecting Gaza, Egypt, and Israel.
From there, the hostages would undergo an initial medical assessment at the Hatzerim Base in southern Israel before being taken to hospitals, where they would be reunited with their families, the IDF said.
The newly released hostages include an 18-year-old Bedouin man, his 17-year-old sister, and four Israeli women, according to a statement released by the Israeli Prime Minister’s office.
Earlier on Thursday evening, two Israeli female hostages were already released by Hamas and handed over to Israel.
The eight hostages are the latest batch to be released under a temporary four-day ceasefire between Israel and Hamas, which started last Friday and has been extended for three days.
Photo: A helicopter carrying two Israeli female hostages released from the Gaza Strip arrives at a hospital in Ramat Gan, Israel, on Nov. 30, 2023. (JINI via Xinhua)