Connect with us

Environment, Disasters & Accidents

ယန်ဇီမြစ်ဝှမ်းဒေသကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးပမ်းတည်ဆောက်ရာတွင် သမ္မတ ရှီ ဦးဆောင်ဦးရွက်ပြု

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ Jiujiang မြို့၏ မြို့ပြဧရိယာရှိ ယန်ဇီမြစ် အမျိုးသားယဉ်ကျေးမှုဥယျာဉ်သို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်က စစ်ဆေးကြည့်ရှုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ တက်ကြွမှု၊ ပွင့်လင်းမှုနှင့် ဆန်းသစ်မှုအရှိဆုံးမြို့အစုအဝေးအနက် တစ်ခုဖြစ်သော ယန်ဇီမြစ်ဝှမ်းဒေသသည် အဓိကအကျိုးကျေးဇူးများ ရရှိခံစားလျက်ရှိသလို စုပေါင်းဖွံ့ဖြိုးတိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်လမ်းပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊ ယင်းဒေသကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ မဟာဗျူဟာအဖြစ် လွန်ခဲ့သောငါးနှစ်အကြာက အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံလာသော ယန်ဇီမြစ်သည် တရုတ်နိုင်ငံ၏ အရှည်လျားဆုံးမြစ်ဖြစ်ပြီး အရှေ့တရုတ်ပင်လယ်အတွင်းသို့ မစီးဝင်မီ ပြည်နယ်အဆင့် ဒေသပေါင်း ၁၁ ခုကို ဖြတ်သန်းစီးဆင်းလျက် မြစ်ကြောင်းတစ်လျှောက် ၆,၃၀၀ ကီလိုမီတာရှည်လျားကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား၊ မြို့ကြီးများနှင့် ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်သောဒေသ အများအပြားသည် ထိုမြစ်ဝှမ်းတစ်လျှောက်တည်ရှိလျက် ယန်ဇီမြစ်ဝှမ်းဒေသဖြစ်ပေါ်လာခဲ့ကြောင်း၊ ယင်းဒေသ၌ ကျန်းဆူးပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်၊ အန်းဟွေးပြည်နယ်နှင့် ရှန်ဟိုင်းမြို့ စသည်တို့ကို ပေါင်းစည်းထားသလို ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံအတွက် အားအင်ပြည့် တိုးတက်မှုမောင်းနှင်အားလည်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက နိုင်ငံ၏ မဟာဗျူဟာအဖြစ် ယန်ဇီမြစ်ဝှမ်းဒေသ စုပေါင်းဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကြေညာခဲ့သည်။

ထို့ပြင် အဆိုပါ ယန်ဇီမြစ်ဝှမ်းဒေသသည် တရုတ်နိုင်ငံရှိ ကုန်းမြေဧရိယာ၏ ၄ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံ စုစုပေါင်း ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။လွန်ခဲ့သော ငါးနှစ်အတွင်း သမ္မတ ရှီသည် ယန်ဇီမြစ်ဝှမ်းဒေသသို့ ကြိမ်ဖန်များစွာ သွားရောက်လည်ပတ်ခဲ့သလို ဆက်စပ်အစည်းအဝေးများကိုလည်း ကြီးမှူးကျင်းပခဲ့ပြီး ယင်းဒေသ၏ စုပေါင်းဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း၌ အရေးပါသောအဆင့်များအတွက် အဓိကလမ်းညွှန်ချက်ကိုလည်း ပေးအပ်ခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံရှိ အဓိက မော်တော်ကားထုတ်လုပ်မှုအခြေစိုက်နေရာတစ်ခုဖြစ်သည့်အားလျော်စွာ ယန်ဇီမြစ်ဝှမ်းဒေသသည် ခေတ်မီစက်မှုလုပ်ငန်းစနစ် ထူထောင်ခြင်းနှင့် စက်မှုလုပ်ငန်း အသွင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၌ ဦးဆောင်ခဲ့သည်။ယန်ဇီမြစ်ဝှမ်းဒေသရှိ ထုတ်လုပ်ရေးစက်ရုံများမှလည်း ၁၀ စက္ကန့်လျှင် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် (NEV) တစ်စီး ထွက်ရှိနေကြောင်း သိရသည်။ (Xinhua)

………………………………
Xi leads efforts to build Yangtze River Delta into high-quality development pacesetter
BEIJING, Dec. 1 (Xinhua) — The Yangtze River Delta, one of the most vibrant, open and innovative city clusters in China, has reaped major benefits and matured into a pacesetter of high-quality development from its integrated development — which was elevated as a national strategy by Chinese President Xi Jinping five years ago.
Originating on the Qinghai-Tibet Plateau, the Yangtze River is China’s longest waterway, running more than 6,300 km through 11 provincial-level regions before flowing into the East China Sea.
A number of the country’s economic powerhouses, megacities and major rice-producing areas are located along the river basin, making the Yangtze River Delta region, encompassing the provinces of Jiangsu, Zhejiang and Anhui and Shanghai Municipality, a dynamic growth engine for the world’s second-largest economy.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, announced the decision to make the integrated development of the Yangtze River Delta region a national strategy in November 2018.
The Yangtze River Delta region, taking up only 4 percent of China’s land area, contributes about 25 percent of China’s total GDP.
Over the past five years, Xi has visited the Yangtze River Delta many times, presided over a series of relevant meetings, and given key guidance at the critical junctures in the region’s integration path.
As a major automobile production base in China, the Yangtze River Delta has taken the lead in the establishment of a modern industrial system and in the industrial transformation and upgrading.
Now every 10 seconds, a new energy vehicle (NEV) rolls off the production lines in the region.