Connect with us

China

လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အာရှဒေသမှ စတင်သွားမည်ဟု သမ္မတ ရှီပြော

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖိန်ရှန်းမြို့ရှိ ချစ်ကြည်ရေးဂိတ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အာရှဒေသမှ စတင်သွားမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီက ဗီယက်နမ်နိုင်ငံ ခရီးစဉ်မတိုင်မီ “မဟာဗျူဟာမြောက် အရေးပါမှုကို ဆောင်ကြဉ်းလျက် ခေတ်မီအသွင်ကူးပြောင်းမှု မောင်းနှင်အား စာမျက်နှာသစ်ကို အတူတကွရေးခြယ်မည့် တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း” ဟူသော ခေါင်းစဉ်ဖြင့် Nhan Dan Newspaper of Vietnam တွင် ဖော်ပြထားသော ဆောင်းပါး၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ၊ ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်းနှင့် အားလုံးလက်ခံပါဝင်မှုရှိခြင်းဟူသော အိမ်နီးချင်းနိုင်ငံများဆိုင်ရာ တရုတ်နိုင်ငံခြားရေးမူဝါဒ စည်းမျဉ်းများကို ပထမဆုံးစတင်ခဲ့တာ ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အာရှဒေသမှ စတင်သွားမယ်” ဟု ရှီက ဆိုသည်။
“အာရှက ကျွန်တော်တို့ရဲ့ အများနဲ့သက်ဆိုင်တဲ့နေအိမ်ပါပဲ။ အိမ်နီးချင်းနိုင်ငံတွေဆိုတာကလည်း ရှောင်လွှဲလို့မရနိုင်ပါဘူး။ အိမ်နီးချင်းတစ်ဦးကို ကူညီတာက မိမိကိုယ်မိမိ ကူညီခြင်းဖြစ်သလို အိမ်နီးချင်းကောင်းတွေကလည်း အခြားသူတွေ ကောင်းမွန်စေလိုတဲ့ ဆန္ဒရှိကြပါတယ်” ဟု ရှီက ဆောင်းပါး၍ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းရေး၊ အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် အတူတကွ တည်ဆောက်ရေးနှင့် အားလုံးအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝ ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi says building community with shared future for mankind should start from Asia
BEIJING, Dec. 12 (Xinhua) — Building a community with a shared future for mankind should start from Asia, Chinese President Xi Jinping said.
Xi made the remarks in a signed article carried by the Nhan Dan Newspaper of Vietnam on Tuesday prior to his visit to the country with the title “Building a China-Vietnam Community with a Shared Future That Carries Strategic Significance And Writing Together a New Chapter in Our Modernization Drive.”
“It has been 10 years since I first put forth the vision of a community with a shared future for mankind, the Belt and Road Initiative (BRI), and the principles of amity, sincerity, mutual benefit and inclusiveness for China’s foreign policy toward neighboring countries. Building a community with a shared future for mankind should start from Asia,” Xi said.
“Asia is our common home. Neighboring countries cannot be moved away. Helping one’s neighbor is helping oneself, and good neighbors wish each other well,” he said.
China is ready to better align its development with that of its neighbors, and work with them together to build a community with a shared future and deliver a better life to all, Xi said.
Photo: This aerial photo taken on Sept. 9, 2023 shows a view of the port of the Friendship Pass in Pingxiang, south China’s Guangxi Zhuang Autonomous Region. (Xinhua/Cao Yiming)