Connect with us

International Organizations

၂၀၂၄ ခုနှစ်တွင် အကျပ်အတည်းအခြေအနေများ ဆိုးဝါးလာမှုကို တုံ့ပြန်ရန် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ မေတ္တာရပ်ခံချက် ကုလသမဂ္ဂ ကြေညာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၊ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး လက်ထောက်အထွေထွေအတွင်းရေးမှူး Martin Griffiths (ရှေ့တန်း) ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Manuel Elías/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂက ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှု၊ လူအမြောက်အမြား နေရပ်ရွှေ့ပြောင်းနေထိုင်မှုနှင့် ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှုများကို ရင်ဆိုင်နေရသူ ၁၈၁ သန်းအား ကူညီရန် အမေရိကန်ဒေါ်လာ ၄၆.၄ ဘီလီယံ မေတ္တာရပ်ခံချက်ကို ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုသုံးသပ်ချက်ကို ထုတ်ပြန်ကြေညာရာတွင် နိုင်ငံတကာ ပံ့ပိုးကူညီမှုက တစ်ရှိန်ထိုးမြင့်တက်လာနေသော လိုအပ်ချက်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လုံလောက်မှုမရှိကြောင်း အလေးထားပြောကြားလျက် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် စွမ်းစွမ်းတမံ ထည့်ဝင်ကြရန် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ပြောကြားခဲ့သည်။
“ဒီနှစ်အတွက် ဒေါ်လာ ဘီလီယံ ၂၀ ထည့်ဝင်ကူညီတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီပမာဏက လိုအပ်တာရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိတာပါ” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက် အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သူ Griffiths က ပြောသည်။
“အကယ်၍ ကျွန်တော်တို့ ၂၀၂၄ ခုနှစ်မှ အကူအညီတွေ မပေးနိုင်ခဲ့ဘူးဆိုရင် ပြည်သူတွေ အသက်ဆုံးရှုံးရပါလိမ့်မယ်” ဟု ၎င်းက သတိပေးခဲ့သည်။

လာမည့်နှစ် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအေဂျင်စီမှ ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များကို ဖော်ပြလျက် ပြည်သူ သန်း ၃၀၀ က အကူအညီလိုအပ်နေသော်လည်း ၎င်းတို့၏တုံ့ပြန်မှုအစီအစဉ်က နိုင်ငံ ၇၂ နိုင်ငံရှိ အလိုအပ်ဆုံးပြည်သူ ၁၈၁ သန်းကို ဦးစားပေးရန် ရည်ရွယ်ထားကြောင်း Griffiths က ပြောခဲ့သည်။
ထိုပမာဏမှာ ၂၀၂၃ ခုနှစ်က ခွဲဝေသတ်မှတ်ထားသော အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံမှ သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာကြီးသည် ပိုမိုခိုင်မာစွာ အမြစ်တွယ်နေပြီး အရပ်သားများကို ဆိုးရွားစွာ ထိခိုက်နေသော ပဋိပက္ခများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ကမ္ဘာတစ်ဝန်း ကလေးငယ် ၅ ဦးလျှင် တစ်ဦးနီးပါးက ပဋိပက္ခဇုန်များ၌ နေထိုင် သို့မဟုတ် ယင်းနေရာများမှ ထွက်ပြေးနေရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်သူ ၁၀ သန်းက မေလနှင့် နိုဝင်ဘာလအတွင်း စားနပ်ရိက္ခာအကူအညီ ဆုံးရှုံးနေရသလို မြန်မာနိုင်ငံတွင်လည်း ပြည်သူ ၅ သိန်းကျော်က လုံခြုံမှုမရှိသော လူနေမှုအခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
UN launches 46-bln-USD appeal to respond to worsening crises in 2024
UNITED NATIONS, Dec. 11 (Xinhua) — The United Nations on Monday issued an appeal for 46.4 billion U.S. dollars for 2024 to help 181 million people facing catastrophic hunger, mass displacement and diseases worldwide.
At the unveiling of the Global Humanitarian Overview 2024, Martin Griffiths, the UN emergency relief coordinator, commended the valiant efforts of humanitarians while stressing that the international support provided is significantly insufficient in comparison to the rapidly increasing needs.
“We thank all donors for their contributions, which amount to 20 billion dollars so far this year — but that is just a third of what was needed,” said Griffiths, who is also the UN under-secretary-general for humanitarian affairs.
“If we cannot provide more help in 2024, people will pay for it with their lives,” he warned.
Describing the goals set by UN humanitarians for the upcoming year, Griffiths noted that although 300 million people globally require assistance, their response plan aims to prioritize 181 million of those most in need, spanning 72 countries.
This amount represents a notable decrease from the 57 billion dollars allocated for 2023.
The world is experiencing more conflicts, which are more entrenched, with devastating consequences for civilians. Almost one child in every five around the world is living in or fleeing from conflict zones.
In Afghanistan, 10 million people lost access to food assistance between May and November, while Myanmar witnessed over half a million people forced into inadequate living conditions.
Photo: Martin Griffiths (Front), UN Undersecretary-General for Humanitarian Affairs and Emergency Relief Coordinator, briefs a Security Council meeting at the UN headquarters in New York, on July 21, 2023. (Manuel Elías/UN Photo/Handout via Xinhua)