Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် သမုဒ္ဒရာ ရှာဖွေတူးဖော်ရေးသင်္ဘော စမ်းသပ်ရေကြောင်းခရီးစတင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးတွင် ပထမဆုံးစမ်းသပ်ပင်လယ်ခရီး စတင်ပြီဖြစ်သော “မိန်ရှန့်” (အိပ်မက်) ရှာဖွေတူးဖော်ရေးသင်္ဘောကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ တည်ဆောက်ထားသော ရှာဖွေတူးဖော်ရေးသင်္ဘောကို “မိန်ရှန်း” (အိပ်မက်) ဟု တရားဝင်နာမည်ပေးခဲ့သည်။ ၎င်း၏ စမ်းသပ်ပင်လယ်ခရီးကို ဒီဇင်ဘာ ၁၈ ရက်တွင်စတင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း အရင်းအမြစ်များ ရှာဖွေရေးအတွက် တိုးတက်မှု အထိမ်းအမှတ်လည်းဖြစ်သည်။
အလျား ၁၇၉.၈ မီတာ၊ အကျယ် ၃၂.၈ မီတာရှိသော အဆိုပါ သင်္ဘောသည် ရေမိုင် ၁၅,၀၀၀ မိုင် ခရီးပြုနိုင်ပြီး ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ခြင်းမပြုဘဲ ရက်ပေါင်း ၁၂၀ ဆက်တိုက်ခုတ်မောင်းနိုင်ကြောင်း သိရသည်။
တည်ငြိမ်မှုမြင့်မား၍ တည်ဆောက်မှု ခိုင်ခံ့သော ထိုသင်္ဘောသည် ကမ္ဘာတစ်ဝန်း ကန့်သတ်မထားသော ရေကြောင်းပြဧရိယာများတွင် ခုတ်မောင်းနိုင်ပြီး ပင်လယ်အတွင်း မီတာ ၁၁,၀၀၀ အနက်ပိုင်းအထိ တူးနိုင်ကြောင်း သိရသည်။
ကမ္ဘာ့ဦးဆောင် ပင်လယ်ရေကြောင်းတူးဖော်ရေးစွမ်းရည်ကို မြှင့်တင်လျက် “မိန်ရှန်း” သည် ကမ္ဘာမြေအပြင်ဘက်ဆုံးလွှာမှ ကမ္ဘာ့အပေါ်ကြားလွှာသို့ တူးဖော်မည်ဖြစ်ပြီး ရေကြောင်းစွမ်းအင်အရင်းအမြစ်များ စူးစမ်းရှာဖွေရေးနှင့် အပြည့်အဝအသုံးချရေး၊ အမျိုးသားစွမ်းအင်လုံခြုံရေးနှင့် ရေကြောင်းစွမ်းအင်တည်ဆောက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ကမ္ဘာမြေထုထည်၏ ငါးပုံလေးပုံနှင့် ထု လေးပုံသုံးပုံရှိသော ကမ္ဘာ့ကြားလွှာသည် သိပ္ပံပညာရှင်များ စူးစမ်းလေ့လာနိုင်မည့် သိပ္ပံပညာရပ်ဆိုင်ရာ အံ့ဩလျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s first homegrown ocean drillship starts trial voyage
GUANGZHOU, Dec. 18 (Xinhua) — China’s first domestically built drilling ship has been officially named “Mengxiang” (Dream). She started her trial voyage on Monday, marking a step forward for the country’s exploration of deep-sea resources.
With a length of 179.8 meters and a width of 32.8 meters, the ship can travel 15,000 nautical miles and sustain for 120 days without returning to port.
The ship, featuring high stability and structural strength, can operate in unlimited navigational areas worldwide and drill as deep as 11,000 meters in the sea.
Boasting a world-leading marine drilling capacity, “Mengxiang” will drill through the Earth’s crust and into the upper mantle, contributing to the exploration and exploitation of marine energy resources, national energy security, and maritime power construction, sources said.
The mantle, accounting for four-fifths of the Earth’s volume and three-fourths of its mass, is the full of scientific mysteries to be explored by scientists.
Photo: China’s first domestically built drilling ship has been officially named “Mengxiang” (Dream). (Xinhua/Huang Guobao)