Connect with us

Media

ကုလသမဂ္ဂအကြီးအကဲက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ပျံ့နှံ့လာခြင်းအား သတိပေး

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲ ပြန့်နှံလာခြင်းအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အောက်တိုဘာ ၁၁ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

အီဂျစ်နှင့် ဂါဇာကမ်းမြောင်ဒေသတို့အကြား တစ်ခုတည်းသော ဖြတ်ကျော်နေရာဖြစ်သည့် Rafah မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့် လွယ်ကူချောမွေ့စေခြင်းနှင့် အရေးပါသောအကူအညီများ ပေးပို့ရန် အီဂျစ်နိုင်ငံရှိ El Arish လေဆိပ် အသုံးပြုခွင့်ပေးခြင်းအတွက် အီဂျစ်နိုင်ငံ၏ အပြုသဘောဆောင်သော ထိတွေ့ ဆက်ဆံမှုများကို ကျေးဇူးတင်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်က အစ္စရေးနိုင်ငံအား ဟားမက်စ်တို့က တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အစ္စရေးတို့က ဂါဇာဒေသကို အလုံးစုံစစ်တပ်ဖြင့် ပိတ်ဆို့ဝန်းရံခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
UN chief warns against spillover of Israeli-Palestinian conflict
UN Secretary-General Antonio Guterres on Wednesday warned against the spillover of the ongoing Israeli-Palestinian conflict.
Guterres thanked Egypt for its constructive engagement to facilitate humanitarian access through Rafah, the sole crossing point between Egypt and the Gaza Strip, and to make the El Arish airport available for critical assistance.
Israel has imposed a “complete siege” of Gaza following Hamas attacks on Israel over the weekend.
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)