Connect with us

Africa & Middle East

အစ္စရေးက ဟားမက်စ်အဖွဲ့နှင့် တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသဖြင့် ညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း

အစ္စရေးနိုင်ငံ Ashkelon မြို့တွင် ဂါဇာဘက်မှ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ilan Assayag/JINI via Xinhua)

ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

လွန်ခဲ့သောသီတင်းပတ်ကုန်တွင် ဟားမက်စ်များက အစ္စရေးအား ရုတ်တရက်တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနေရာများကို တန်ပြန်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းများကြောင့် ဖြစ်ပွားလာသော ကြောက်မက်ဖွယ် ပဋိပက္ခများကို ကြီးကြပ်ကွပ်ကဲရန် အစ္စရေးနိုင်ငံက ညီညွတ်ရေးအစိုးရတစ်ရပ်နှင့် စစ်ပွဲကာလအစိုးရအဖွဲ့တစ်ရပ်ကို အောက်တိုဘာ ၁၁ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ ကောင်းကင်ယံတွင် ဂါဇာဘက်မှ အစ္စရေးဘက်သို့ တရစပ်ပစ်ခတ်သော ဒုံးကျည်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စစ်ပွဲကာလအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် လက်ယာယိမ်း အမျိုးသား ညီညွတ်ရေး ပါတီ ခေါင်းဆောင် Benny Gantz နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ အမျိုးသားရေး မဟာမိတ်အစိုးရအဖွဲ့လည်း ပါဝင်သလို အစိုးရအဖွဲ့ဝင်များ၌ ကာကွယ်ရေးဝန်ကြီး Yoav Gallant လည်း ပါဝင်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လုံလောက်သော ကြိုတင်ပြင်ဆင်မှုနှင့် ကြီးကြပ်ကွပ်ကဲမှု ပျက်ကွက်ခဲ့ခြင်းအပေါ် နေတန်ယာဟုနှင့် ၎င်း၏အစိုးရအဖွဲ့အား လူထုဝေဖန်မှုများ မြင့်တက်လာသည့်ကြားမှ ထိုသို့ စစ်ပွဲကာလအစိုးရဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဟားမက်စ်အဖွဲ့က အစ္စရေးနိုင်ငံအား အောက်တိုဘာ ၇ ရက် က ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်ခတ်ခြင်း၊ ဂါဇာနှင့် နယ်နိမိတ်ထိစပ်နေသော အစ္စရေးမြို့များမှ မြေပြင်ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခြင်းများ အပါအဝင် ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံကလည်း ပြန်လည်တုံ့ပြန်သောအားဖြင့် လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် နှစ်ဘက်လုံး၌ သေဆုံးသူအရေအတွက် မြင့်တက်လျက်ရှိပြီး အစ္စရေးဘက်တွင် လူ ၁,၂၀၀ ဦးနှင့် ဂါဇာဘက်တွင် လူ ၁,၂၀၀ အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Israel forms unity govt’ as battles with Hamas escalate
JERUSALEM/GAZA, Oct. 11 (Xinhua) — Israel formed a unity government and a war cabinet on Wednesday to oversee the deadly conflict triggered by Hamas’ weekend surprise attack as it continued to launch airstrikes on the Palestinian enclave of Gaza Strip.
The new war cabinet brings former defense minister and leader of the centrist-right National Unity party Benny Gantz to Prime Minister Benjamin Netanyahu’s nationalist-religious coalition government. Members of the wartime cabinet also include Defense Minister Yoav Gallant.
The formation of the war cabinet comes amid increasing public criticism in Israel against Netanyahu and his government, who were blamed for failing to adequately preparing and foreseeing Saturday’s attack.
Palestinian Islamic Resistance Movement (Hamas) waged a surprise attack on Israel on Saturday, which included the firing of thousands of rockets and the infiltration ground attacks on the Israeli towns bordering Gaza.
In response, Israel launched retaliatory airstrikes on the Gaza Strip. The ongoing conflict has taken a heavy toll on both sides, with the death toll in Israel and Gaza rising to at least 1,200 and 1,100, respectively.
Photo 1: Photo taken on Oct. 11, 2023 shows a building damaged in rocket attacks from Gaza, in Ashkelon, Israel. (Ilan Assayag/JINI via Xinhua)
Photo 2: A barrage of rockets fired from Gaza into Israel are seen in the sky of the southern Gaza Strip city of Rafah, Oct. 7, 2023. (Photo by Khaled Omar/Xinhua)