Connect with us

Videos

ယူကရိန်းက ပင်လယ်စမ်းသပ်ဒရုန်းများဖြင့် ရုရှားရေယာဉ်များကို တိုက်ခိုက်

ကိဗ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက ပင်လယ်စမ်းသပ်ဒရုန်းများဖြင့် ပင်လယ်နက်ရှိ ရုရှားရေယာဉ်နှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရပိုင် Ukrinform သတင်းအေဂျင်စီက အောက်တိုဘာ ၁၃ ရက်က သတင်းဖော်ပြခဲ့သည်။“Sea Baby” ဟု အမည်ဝှက်ပေးထားသော အဆိုပါ ဒရုန်းများက Sevastopol မြို့အနီးကို အောက်တိုဘာ ၁၃ ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ Pavel Derzhavin ကင်းလှည့်ရေယာဉ်တစ်စင်းလည်း အောက်တိုဘာ ၁၁ ရက်က တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းအရ သိရသည်။ထို Pavel Derzhavin ရေယာဉ်သည် အောက်တိုဘာ ၁၃ ရက်က ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ယူကရိန်းရေတပ် ပြောရေးဆိုခွင့်ရှိသူ Dmytro Pletenchuk က ယင်းနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။“Sea Baby” ဒရုန်းသည် ပင်လယ်ရေကြောင်း တိုက်ခိုက်ရေးဒရုန်းတစ်မျိုးဖြစ်ပြီး ပေါက်ကွဲစေနိုင်သော ပစ္စည်း ၈၅၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်စွမ်းရှိကြောင်း သတင်းများအရ သိရသည်။ (Xinhua)

………………………………
Ukraine attacks Russian vessels with experimental sea drones: media
KIEV, Oct. 14 (Xinhua) — Ukrainian experimental sea drones attacked two Russian vessels in the Black Sea, the Ukrainian government-run Ukrinform news agency reported Friday.
The drones nicknamed “Sea Baby” hit Russia’s Buyan missile ship on Friday near the city of Sevastopol, while the Pavel Derzhavin patrol vessel was struck on Wednesday, said the report.
Later in the day, Dmytro Pletenchuk, the Ukraine navy spokesperson, said that the Pavel Derzhavin vessel was hit for the second time on Friday.
“Sea Baby” is a maritime kamikaze drone capable of carrying 850 kg of explosives, according to media reports.