Connect with us

Local

ထိုင်း – မြန်မာ နယ်စပ်ဒေသများရှိ SME များအား မေလမှ စပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးမည်

မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ MoU လက်မှတ်ထိုးပွဲတွင် ထိုင်းနိုင်ငံ KASIKORNBANK ၏ First Senior Vice President Mr. Pattanapong Tansomboon အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရှိ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများအား ချေးငွေ အပါအဝင် စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် အစီအစဉ်များကို ၂၀၁၇ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်သွားမည် ဟု စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ယနေ့ ပြောကြားခဲ့သည်။

“အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ငွေအရင်း အနှီးရော နည်းပညာပိုင်းမှာပါ ပံ့ပိုးပေးသွားဖို့ ထိုင်းဘဏ်နဲ့ MoU ထိုးတာပါ၊ မြန်မာနဲ့ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြလို့ နယ်စပ်ကုန်သွယ်ရေး အဓိက ကျပါတယ်၊ ဒါကြောင့် ဒီ MoU ပါ အစီအစဉ်တွေကို မော်လမြိုင်တို့ မြိတ်တို့လို နယ်စပ်မြို့တွေကနေ စပြီး ဆောင်ရွက်ပါမယ်၊ လာမယ့် မေလမှာ မွန်ပြည်နယ် မော်လမြိုင်မြို့က SMEs တွေနဲ့စ ပါမယ်” ဟု နေပြည်တော် Emerald Palace Hotel တွင် ယနေ့နံနက် ပြုလုပ်သည့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဆိုင်ရာ ဗဟိုဌာနချုပ်နှင့် ထိုင်းနိုင်ငံ KASIKORNBANK တို့ SME Capacity building Program Series MoU လက်မှတ်ထိုးပွဲတွင် ၎င်းက မီဒီယာသို့ဖြေကြားခဲ့သည်။

အဆိုပါ SME Capacity building Program Series ကို ဇွန်လတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ SME များအတွက် လည်းကောင်း၊ SME အများစု တည်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးဒေသများတွင် လည်းကောင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ SME များအနက် အများစုဖြစ်သည့် ၅၉ ရာခိုင်နှုန်းသည် စားသောက်ကုန် လုပ်ငန်းများ ဖြစ်ပြီး ရှမ်းပြည်နယ်ရှိ စိုက်ပျိုးရေး လုပ်ငန်းများလည်း ပါဝင်နေကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်း များက ရှစ် ရာခိုင်နှုန်းခန့်၊ အထည်ချုပ် လုပ်ငန်းများက ခြောက်ရာခိုင်နှုန်းခန့်နှင့် ကျန်သည့် ၂၇ ရာခိုင်နှုန်းခန့်မှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း နှင့် KASIKORNBANK ၏ First Senior Vice President Mr. Pattanapong Tansomboon တို့ MoU ရေးထိုးကြစဉ်။ (ဆင်ဟွာ)

စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခြင်း

“ဒီက SME လုပ်ငန်းတွေဟာ အဓိက လိုအပ်နေတဲ့ ဘဏ်ချေးငွေရဖို့အတွက် အပေါင်ပစ္စည်းကိုလည်း မပေးနိုင်ဘူး၊ Business Plan ကိုလည်း အဆင့်မီမီ မတင်ပြနိုင်ဘူး၊ ဒါကြောင့် Capacity Building အစီအစဉ်တွေ လုပ်နိုင်ဖို့ ဒီ MoU ရေးထိုးရတာပါ၊ နည်းပညာပိုင်း စွမ်းရည်တွေ ပြည့်စုံလာရင် ကျွန်မတို့မှာ တခြားနိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ ညှှိုနှိုင်းထားတဲ့ အကူအညီပေး အစီအစဉ်တွေ လည်း ရှိထားတော့ ဥပမာ ဒိန်းမတ်နိုင်ငံက အကူအညီတွေနဲ့ဆက်ပြီး ဆောင်ရွက်ဖို့တွေ ရှိပါတယ်” ဟုလည်း သူမက ရှင်းပြခဲ့သည်။

ထိုင်းနိုင်ငံ ၏ အကြီးဆုံး ဘဏ် သုံးခုတွင် ပါဝင်သည့် KASIKORNBANK ၏ First Senior Vice President Mr. Pattanapong Tansomboon ကလည်း “မြန်မာနိုင်ငံရဲ့ စီးပွားတိုးတက်ရေးနဲ့ အလုပ်အကိုင်ရရှိရေးအတွက် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေဟာ အဓိက ပံ့ပိုးသူတွေ ဖြစ်ပါတယ်၊ ဒါကြောင့် အသေးစား အလတ်စား လုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးတိုးတက် ဖို့စိန်ခေါ်မှု များစွာကို ရင်ဆိုင်နိုင်ရေး၊ စီးပွား အခွင့်အလမ်းများ ဖန်တီးနိုင်ရေးနဲ့အတူ အခြေခံ အဆောက်အအုံများ ရရှိရေး၊ ဈေးကွက် မြှင့်တင်ရေး၊ ကုန်ထုတ် နည်းပညာများ မြှင့်တင်ရေးနဲ့ အရေးကြီးဆုံး ဖြစ်တဲ့ လုပ်ငန်း ချဲ့ထွင်နိုင်ဖို့ ငွေကြေးဆိုင်ရာ ဖြေရှင်း ရေး တို့အတွက် လိုအပ်တဲ့ အရည်အချင်းများ ရရှိရေး စတာတွေကို ဆည်းပူး လေ့လာဖို့လိုပါတယ်” ဟု ၎င်း၏ အဖွင့်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ Capacity Building အစီအစဉ်အရ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြိတ်၊ ပဲခူးနှင့် တောင်ကြီး မြို့များမှ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများအား လုပ်ငန်း ဖွဲ့စည်းပုံ၊ စာရင်း ထိန်း သိမ်း ခြင်း၊ အခွန်အခဆိုင်ရာများ၊ ဈေးကွက် စီမံခန့်ခွဲမှု၊ လူ့စွမ်းအား အရင်းအမြစ် စီမံ ခန့်ခွဲမှု၊ ငွေကြေး စီမံခန့်ခွဲမှုတို နှင့်အတူ လုပ်ငန်းများ ချဲ ့ထွင်နိုင်ရန် ဘဏ်ချေးငွေများ ရရှိရေး၊ အကြွေးကတ် ဝန်ဆောင်မှုများ အသုံးပြုနိုင်ရေးတို့ကို နိုင်ငံတကာအဆင့် လက်မှတ်ရ ဆရာများက သင်ကြားပေး သွားမည်ဟု သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.