Connect with us

WORLD

သမ္မတထရမ့်က အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် “ ပြန်မကောင်းလာမီ ၊ ပိုဆိုးနိုင်ဖွယ်ရှိ” ဟု ပြောကြား

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်က ဝါရှင်တန်ဒီစီမြို့၌ တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် “ ပြန်မကောင်းလာမီ ၊ ပိုဆိုးနိုင်ဖွယ်ရှိ” ဟု ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

“ ကံမကောင်းအကြောင်းမလှစွာဘဲ အဲဒါက ပြန်မကောင်းလာခင် ၊ ပိုဆိုးသွားဖို့ ဖြစ်နိုင်ချေ ရှိပါတယ် ၊ တစ်စုံတစ်ခုအကြောင်းကိုတော့ ကျွန်တော်မပြောချင်ပါဘူး၊ ဒါပေမယ့် အဲဒီလမ်းကြောင်း ပါပဲ ” ဟု ကပ်ရောဂါဖြစ်ပွားပြီး သုံးလ အကြာ သမ္မတအိမ်ဖြူတော်၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က သတင်းထောက်များအားပြောကြားခဲ့သည်။

“ ကျွန်တော်တို့နိုင်ငံရဲ့ အချို့နေရာတွေမှာ သိပ်ကောင်းအောင်လုပ်နေပါတယ် ။ အခြားနေရာတွေမှာတော့ ကောင်းကောင်းမလုပ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။ “ ကံမကောင်းစွာဘဲ အခုအခါ ဖလောရီဒါပြည်နယ်မှာ နည်းနည်းဆိုးရွားနေတယ် ဒါမှမဟုတ် အဆိုးရွားဆုံးအနေအထားတစ်ခုမှာ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် လက်ရှိအချိန်ထိ လူပေါင်း ၃ ဒသမ ၈ သန်းကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စစ်တမ်းအရ သိရသည်။ ထို့ပြင် ဖလော်ရီဒါပြည်နယ်အပါအဝင် အချို့သောပြည်နယ်များတွင် ကူးစက်မှု မြင့်တက်လာမည်ကိုတွေ့မြင် နေရကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆက်လက်ပြောကြားခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲတွင် ကိုယ်တိုင် နှာခေါင်းစည်း မတပ်ဆင်ထားသော သမ္မတ ထရမ့်က နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အကျိုးသက်ရောက်မှုရှိနိုင်သည်ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပြီး  ၎င်းနေဖြင့် “ အဲဒါနဲ့ပတ်သက်ပြီးပြဿနာမရှိပါဘူး ” ဟု ဆိုသည်။

“ ခင်ဗျား နှာခေါင်းစည်း တပ်ဖို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အကျိုးဆက်ကတော့ ရှိမှာပဲ ၊ သူ့မှာ သက်ရောက်မှု တစ်ခုရှိတယ် ၊ ကျွန်တော်တို့ရနိုင်တဲ့အရာ အားလုံး ကျွန်တော်တို့လိုအပ်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။“ ကျွန်တော်တို့ လူတိုင်းကို ပြောနေပါတယ် ၊ ခင်ဗျား အနေနဲ့ လူမှုဘဝခပ်ခွာခွာ နေထိုင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် နှာခေါင်းစည်း တစ်ခု တပ်ထားဖို့ ၊ နှာခေါင်းစည်းတစ်ခု ယူထားဖို့ ပေါ့” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.