Connect with us

Social

မြဝတီမြို့တွင် ယာဉ်ရပ်နား စခန်းတစ်ခု တည်ဆောက်မည်

မြဝတီမြို့တွင် ယာဉ်ရပ်နား စခန်း တည်ဆောင်မည့် မြေကွက်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယာဉ်ရပ်နား စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။

မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ချစ်ကြည်ရေး လမ်းမကြီးဘေးရှိ မြေဧရိယာ ၃၂.၄၅ ဧကရှိမြေနေ ရာတွင် တည်ဆောက်ရန် မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီမှ အဖွဲ့ဝင်များ စီစဉ်လျက် ရှိသည်။

အဆိုပါ မြဝတီမြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့် အတွက် လူဦးရေ သိပ်သည်းခြင်း၊ ခရီးသွား ပြည်သူ များပြားခြင်း၊ ရောင်းဝယ်မှုများ ဖွံ့ဖြိုးခြင်း၊ မော်တော်ယာဉ် များပြားခြင်း တို့ကြောင့် မြို့ပြ အင်္ဂါရပ်များ နှင့် အညီလူ၊ ယာဉ်များ သွားလာမှုအား စနစ်တကျ သွားလာ မောင်းနှင်နိုင်ရေး၊ ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် ယာဉ်ရပ်နားကွင်း (ကားဝင်း) တည်ဆောက်ရန် လိုအပ်လျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.