Connect with us

Africa & Middle East

ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ က ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့၏ အဓိက တပ်စခန်းများ အနီးသို့ ရောက်ရှိအောင် ဖိအားပေး တိုက်ခိုက်နိုင်ခဲ့

"ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့" မှ တပ်ဖွဲ့ဝင် တစ်ဦး ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမက်စကက်စ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် “ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့” သည် မေလ ၃၁ ရက်နေ့က ၎င်းတို့တပ်ဖွဲ့ အနေဖြင့် IS အစွန်းရောက် တပ်ဖွဲ့၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ အဓိက တပ်စခန်း Raqqa မြို့အနီးသို့ ရောက်ရှိအောင် ဖိအားပေး တိုက်ခိုက် နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

“ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့” မှ ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာသတင်းဌာန သတင်းထောက်သို့ ပြောကြား ခဲ့ရာတွင် ၎င်းတို့တပ်ဖွဲ့ အနေဖြင့် စစ်မြေပြင်ကို အရှေ့ နှင့် မြောက် စသည့် လမ်းကြောင်း နှစ်ခု မှ အသီးသီး ချီတက် တိုက်ခိုက်ခဲ့ရာ Raqqa မြို့ နှင့် ၇ ကီလိုမီတာ နှင့် ၅ ကီလိုမီတာ အနီးသို့ ရောက်ရှိအောင် တိုက်ခိုက် နိုင်ခဲ့ပြီး အနောက်ဘက် စစ်မြေပြင် တွင်လည်း Raqqa မြို့ နှင့် ၁၅ ကီလိုမီတာ အနီးသို့ ရောက်ရှိအောင် ချီတက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊”ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့” သည် Raqqa မြို့ ကို ဝန်းရံပြီးနောက် တွင် တိုက်ခိုက်မှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဆီးရီးယား ဒီမိုကရေစီ တပ်ဖွဲ့” သည် မေလ လဆန်းပိုင်းချိန်မှ စတင်၍ Raqqa မြို့ အနောက်ဘက်ပိုင်းရှိ မဟာဗျူဟာ အရ အရေးပါသည့် Tabqah မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အရေးပါသည့် ဆည် တစ်ခုကိုလည်း သိမ်းပိုက်ခဲ့ကာ Raqqa မြို့ ကို ဝန်းရံရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။

တစ်ချိန်တည်းတွင် ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ မှလည်း IS တပ်ဖွဲ့ကို စစ်မျက်နှာများစွာဖြင့် ဖြင့် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ပြီး လတ်တလော ရက်ပိုင်းတွင်လည်း စစ်ဆင်ရေး အမည်သစ် ဖြင့် စစ်ရေးလှုပ်ရှားမှု များကို စတင် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.