Connect with us

Eastern Europe

ကာဇက်စတန်နိုင်ငံက မြို့တော် အက်စ်တာနာကို နာ-ဆူလ်တန်ဟူ၍ အမည်ပြောင်းလဲ


နာ-ဆူလ်တန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံသမ္မတသစ် Kassym-Jomart Tokayev က ၎င်းမတိုင်မီနိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ယခင်သမ္မတဟောင်း နာဆူလ်တန် ( Nursultan Nazarbayev) အားဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံ၏မြို့တော် အက်စ်တာနာကို နာ-ဆူလ်တန် (Nur-sultan) ဟူ၍ ပြောင်းလဲသတ်မှတ်သော အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြေညာချက်ကို သမ္မတရုံးဝက်ဆိုက်ပေါ်တွင် မတ် ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီး ချက်ချင်း အာဏာသက်ရောက်စေမည်ဖြစ်သည်။

သမ္မတဟောင်း Nazarbayev သည် အထက်အောက်လွှတ်တော်နှစ်ရပ် အစည်းအဝေးသို့တက်ရောက်ခဲ့ပြီးနောက် ကာဇက်လွှတ်တော်က မြို့တော်အမည်ပြောင်းလဲခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို မတ် ၂ဝ ရက်တွင် ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။

ကာဇက်စတန်နိုင်ငံ မြို့တော် Nur-Sultan မြို့အားတွေ့ရစဉ်(ဆင်ဟွာ)

မတ် ၂ဝ ရက် အစောပိုင်းက Nazarbayev သည် သမ္မတရာထူးမှ အနားယူခဲ့ပြီးနောက်တွင် Tokayev သည် ကာဇက်စတန်နိုင်ငံ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထိုသို့ကျမ်းကျိန်ပြီးနောက်တွင် လူထုဆန္ဒခံယူပွဲတစ်ရပ် မပြုလုပ်ဘဲ မြို့တော်အမည်ပြောင်းလည်းရန် Tokayev က အဆိုပြုခဲ့ခြင်းဖြစ်သည်။

Nazarbayev သည် ဆိုဗီယက်ယူနီယံထံမှ နိုင်ငံလွတ်လပ်ရေးစတင်ရယူခဲ့သည့် ၁၉၉၁ ခုနှစ်မှစတင်ကာ ကာဇက်စတန်နိုင်ငံ၏ သမ္မတအဖြစ် ဆယ်စုနှစ် သုံးခု နီးပါးကြား အုပ်ချုပ်ခဲ့သည်။ Nazarbayev သည် ကာဇက်စတန်နိုင်ငံ၏ လုံခြုံရေးကောင်စီ အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ပြီး လက်ရှိအာဏာရပါတီ Nur Otan ပါတီခေါင်းဆောင် နှင့် အခြေခံဥပဒေကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

Nazarbayev သည် မတ် ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်ရန် ၎င်း၏ဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.