Connect with us

Europe

တူရကီ အာဏာသိမ်းမှု ဖြစ်စဉ်တွင် လူပေါင်း ၂၉ဝ ဦးကျော် သေဆုံးကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

အာဏာသိမ်းမှု ကျရှုံးသွားပြီးနောက် တူရကီနိုင်ငံသားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

အန်ကာရာ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၌ စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း လူပေါင်း ၂၉ဝ ဦးကျော် သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူများတွင် အနည်းဆုံး အရပ်သား ၁၉ဝ ဦး နှင့် စစ်သား ၁ဝဝ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။ ထို့ပြင် ဇူလိုင်လ ၁၅ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်စဉ်တွင် အနည်းဆုံး လူပေါင်း ၁,၄ဝဝ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။
အဆိုပါ စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုဖြင့် လူပေါင်း ၆,ဝဝဝ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ ထို့ပြင် ၎င်းအာဏာသိမ်းမှု အစီအစဉ်ကို အစ္စလန်မစ် ဘာသာရေး ခေါင်းဆောင် Fethullah Gulen က နောက်ကွယ်က ကြိုးကိုင် ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။
“ကျနော်တို့အစိုးရဟာ အကြမ်းဖက်အဖွဲ့ကို အားလုံး မြင်နိုင်အောင် အမြဲ ပြောဆို ထောက်ပြခဲ့တယ်။ အဲဒီအကြမ်းဖက်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် Fethullah Gulen နဲ့သူရဲ့ မဟာမိတ် နောက်လိုက် နောက်ပါတွေ ပေါ့။ အခု မအောင်မမြင်ဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ Fethullah Gulen ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့က နောက်ဆုံး ကျူးလွန်တဲ့ ပြစ်မှုကြီး တစ်ခုပါပဲ ” ဟု ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.