Connect with us

Latin America

ဘရာဇီး ကွင်းလယ် ကစားသမား လူးကက်စ် လီမာ တရုတ်သို့ ပြောင်းရွှေ့ဖွယ်ရှိ

ဘရာဇီး ကွင်းလယ် ကစားသမား လူးကက်စ် လီမာအား တွေရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယို ဒီဂျနေရိုး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံတကာ ကွင်းလယ် ကစားသမား လူးကက်စ် မီမာသည် လာမည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ ကစားနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းသည် ၂၀၁၇ ခုနှစ်ကုန်အထိ Santos ဘောလုံး ကလပ်နှင့် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်ပြီး အကယ်၍ စာချုပ်အသစ် ချုပ်ဆိုခဲ့ပါက ၎င်း၏ ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

“တကယ်လို့ ကျွန်တော် ထွက်ခွာခဲ့ပါက ကျွန်တော့်အတွက်ရော ကလပ်အတွက်ရော ကောင်းပါတယ်” ဟု လီမာ၏ ပြောကြားချက်အား ကိုးကား၍ Sambafoot News Portal က ဖော်ပြထားသည်။

လီမာသည် ဘရာဇီးအတွက် ၁၂ ပွဲ ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ နာပိုလီနှင့် ပေါ်တို စသည့် ကလပ်များနှင့် ချိတ်ဆက် ကစားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.