Connect with us

Media

၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ တရုတ်နိုင်ငံက ရှန်ကျိုး-၁၈ လူလိုက်ပါအာကာသယာဉ် လွှတ်တင်မည်
၂။ နိုင်ငံတကာအကြမ်းဖက်ဝါဒမှာ ၂၁ ရာစု ရင်ဆိုင်နေရသည့် အဆိုးရွားဆုံးသော လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု ပူတင် ပြောကြား
၃။ ကင်ညာနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူပေါင်း ၃၈ ဦးထက်မနည်းသေဆုံး
၄။ အိန္ဒိယနိုင်ငံ မဏိပူရ၌ ပေါက်ကွဲမှုများကြောင့် အရေးပါသည့် တံတားတစ်စင်းပျက်စီး
၅။ အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၂၃ ရက်က အီတလီဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ လာဇီရိုအသင်းနှင့် ဂျူဗင်တပ်စ်အသင်းပွဲစဉ် ယှဉ်ပြိုင်ကစား
၆။ လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ် ၄၀ ခန့်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြား
၇။ ရှီကျင့်ဖိန်က ကမ္ဘာ့အဆင့်မီ စစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ်တစ်ခု ကြိုးပမ်းတည်ဆောက်ရန် အလေးပေးပြောကြား
၈။ ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးသူ ခြောက်ဦးရှိ
၉။ ဂျပန်နိုင်ငံတွင် လျှပ်စစ်မီးပြတ်‌တောက်မှုကြောင့် ဖူကူရှီးမားစက်ရုံမှ သမုဒ္ဒရာအတွင်း နျူကလီးယားညစ်ညမ်းရေစွန့်ထုတ်မှု ရပ်နားထား
၁၀။ တရုတ်နိုင်ငံကိုယ်စားလှယ်က အမေရိကန်နိုင်ငံ၏ အာကာသလုံခြုံရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိသော စွပ်စွဲမှုများကို ငြင်းဆို
၁၁။ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံရှိ လောင်စာဆီအဆောက်အဦများ မီးလောင်မှုဖြစ်ပွား
၁၂။ အီရတ်လေတပ် တည်ထောင်မှု ၉၃ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
၁၃။ မြန်မာနိုင်ငံတွင် တရားမဝင်သစ်လုပ်ကိုင်သူ ၂၂ ဦး ဖမ်းဆီး
၁၄။ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၁၅။ တရုတ်နိုင်ငံက အယုံကြည်ရဆုံး မိတ်ဆွေဖြစ်ကြောင်း ပါကစ္စတန်သမ္မတ ပြောကြား
၁၆။ ပါကစ္စတန်နိုင်ငံ သမ္မတက တရုတ်နိုင်ငံအား ယုံကြည်စိတ်ချရဆုံးမိတ်ဆွေဟု ချီးကျူးပြောဆို
၁၇။ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူ၌ တရုတ်နိုင်ငံနည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်စနစ် တပ်ဆင်မည်
၁၈။ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ မေလတွင် ကျင်းပမည်
၁၉။ ပါပူအာနယူးဂီနီနိုင်ငံအတွက် တရုတ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ မြို့တော် Port Moresby သို့ ရောက်ရှိ
၂၀။ အာဖဂန်နစ္စတန်နိုင်ငံက မူးယစ်ဆေးဝါး တန်ချိန် ၂၀ ကျော် မီးရှို့ဖျက်ဆီး
၂၁။ မြန်မာနိုင်ငံက အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ပိုင်ဆိုင်မှု တတိယနေရာတွင် ရပ်တည်နေ
၂၂။ ၂၀၂၄ ခုနှစ် ကျုံးကွမ်းချွမ်းဖိုရမ် နှစ်ပတ်လည် ညီလာခံကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ဖွင့်လှစ် (Xinhua)