Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေးကွန်ဖရင့်သို့ တက်ရောက်မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေးကွန်ဖရင့်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေး ကွန်ဖရင့်သို့ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ “ကမ္ဘာနှင့်ကူးလူးဆက်ဆံသော ခေတ်ကာလနှင့်လျော်ညီသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ရှေ့သို့လျှောက်လှမ်းမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေးကွန်ဖရင့်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေးကွန်ဖရင့်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ အမှာစကား ပြောကြားရာတွင် သမ္မတရှီက လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေး၏အသက်သွေးကြောနှင့် ယဉ်ကျေးမှု၏ဆက်နွယ်သည့်အရာဖြစ်ကြောင်း ဆိုသည်။ ရှေးဟောင်းပိုးလမ်းမပေါ်က ကုလားအုတ်ခေါင်းလောင်းသံ ရွက်လှေရိပ်မှသည် ပင်လယ်ရေကြောင်းခေတ် လှိုင်းဒဏ်လေဒဏ်ကို ကျော်ဖြတ်ခရီးနှင်သည်ဖြစ်စေ၊ ယခုခေတ် ခေတ်မီ လမ်းပန်းဆက်သွယ်ရေးကွန်ရက်၏ အရပ်လေးမျက်နှာနယ်ပေါင်းစုံကို ခရီးနှင်သည်အထိ လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေး ပေါင်းစည်းဆက်နွယ်စီးဆင်းရေး၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို တွန်းအားဖြစ်စေခဲ့ရာ ကမ္ဘာကြီးအား “ကမ္ဘာ့ရွာလေး”အဖြစ်သို့ နီးကပ်စွာ ချိတ်ဆက်ပေးခဲ့ကြောင်း ၊ လက်ရှိ နှစ်တစ်ရာအပြောင်းအလဲနှင့် ရာစုနှစ်ကပ်ရောဂါ၏ ထပ်ဆောင်းမှုကြောင့် ကမ္ဘာ့စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏စားဝတ်နေရေးကို ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပေါ်စေခဲ့ ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို မိမိတို့အနေနှင့် အလျဉ်းသင့်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာလမ်းပန်းဆက်သွယ်ရေး၊သယ်ယူပို့ဆောင်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တွန်အားပေးဆောင်ရွက်ရမည်ဖြစ်ရာ အခြေခံအဆောက်အအုံ ချိတ်ဆက်ရေး၊ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့ရေး၊ ယဉ်ကျေးမှုနှီးနွယ်ဖလှယ်ရေးစသည့် အခန်းကဏ္ဍသစ်ကို ရေးဆွဲသွားရမည်ဖြစ်ကြောင်း ဆိုသည်။ ထိုသို့ဆောင်ရွက်ရာတွင်-

ပထမအနေဖြင့် ဆက်သွယ်မှုများကို တံခါးဖွင့်ပြီး အပြန်အလှန်ချိတ်ဆက်မှုများအား တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တံခါဖွင့် ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ရာ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကျဉ်ခြင်းစသည့် နည်းစနစ်များမပြုလုပ်ဘဲ စီးပွားရေး ဂလိုဘယ်လ်လိုက်ဇေးရှင်းဖြစ်အောင် ပို၍ တံခါးပွင့်လာအောင်၊ အားလုံးပါဝင်လာအောင်၊ အများအကျိုးဖြစ်ထွန်းအောင်၊ မျှတအောင် ၊ ဘုံအကျိုးစီးပွားဖြစ်ပေါ်လာအောင်ဟူသော ဦးတည်ချက်ဖြင့် တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ အခြေခံအဆောက်အအုံများ၏ “ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှု”နှင့် အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းစနစ်များ၏“စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှု”ကို အားဖြည့် ဆောင်ရွက်ရန် လိုအပ်ရာ ကုန်း၊ ရေ၊ လေ၊ ကွန်ရက် တစ်သားတည်း ချိတ်ဆက်မှုများကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း

ဒုတိယအနေဖြင့် အတူဖွံ့ဖြိုးတိုးတက်အောင် ခိုင်မာစွာဆောင်ရွက်ရမည်ဖြစ်ရာ အများအကျိုးမျှတစွာဖြစ်ထွန်းရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီး အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းကသာ စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်သလို အားလုံးအတူတကွ ကြွယ်ဝလာခြင်းကသာ မှန်ကန်သည့် ကြွယ်၀ချမ်းသာမှုဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးမညီမျှမှုပြဿနာကို ဖြေရှင်းမှသာ လူသားတို့အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်သည့် အလားအလာကို ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကို ရှေ့ဆောင်အခန်းကဏ္ဍတွင် ထားရှိရမည်ဖြစ်ရာ ဆင်းရဲနွမ်းပါးသော ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့၍ ယင်းဒေသရှိ ပြည်သူများ လမ်းပန်းသာခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးဆဲနိုင်ငံနှင့်ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ပြီး ဖွံ့ဖြိုးမှုအနိုမ့်ဆုံးနိုင်ငံများ၊ ကုန်းတွင်းဖွံ့ဖြိုးဆဲနိုင်ငံများ၏ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံတည်ဆောက်မှုကို ပိုမိုပံ့ပိုး၍ အတူသာယာဝပျောရေးကို မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း

တတိယအနေဖြင့် တီထွင်ဆန်းသစ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို အားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ စမတ်လမ်းပန်းဆက်သွယ်ရေးနှင့်စမတ်သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးအောင် အားသွန်ဆောင်ရွက်ရမည်ဖြစ်ရာ Big Data၊ အင်တာနက်၊ ဉာဏ်ရည်တု၊ blockchainစသည့် နည်းပညာသစ်များနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းကို ထဲထဲဝင်ဝင်ပေါင်းစည်းပြီး သွားလာသူများ ခရီးတွင် စံစားနိုင်စေဖို့နှင့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း

စတုတ္ထအနေဖြင့် ဂေဟဗေဒကို ဦးစားပေး၍ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများဖြင့် ကာဗွန်လျော့နည်းစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ အစိမ်းရောင် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်မှု စီးပွားစနစ်ကို တည်ဆောက်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံအစိမ်းရောင်အသွင်ပြောင်းခြင်းကို မြှင့်တင်ပေးခြင်းသည် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးမှုရရှိရေး၏ရေရှည်ဗျူဟာဖြစ်ကြောင်း ၊ အစိမ်းရောင် ကာဗွန်လျော့နည်းသည့် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကို လျင်မြန်စွာ ပုံဖော်ပြီး အစိမ်းရောင်အခြေခံအဆောက်အအုံတည်ဆောက်ရေးကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်သစ်၊ အသိဉာဏ်အသွင်၊ ဒစ်ဂျစ်တယ်အသွင်ပြောင်း ပေါ့ပါးသည့် သယ်ယူပို့ဆောင်ရေးကိရိယာများ ပို၍ကျယ်ပြန့်အောင် ဆောင်ရွက်ရမည်ဖြစ်သလို လမ်းပန်းဆက်သွယ်ရေးသယ်ယူပို့ဆောင်ရေးက ပို၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်လာအောင်၊ သွားလာမှုများတွင် ပို၍ ကာဗွန်လျော့နည်းလာအောင် အစိမ်းရောင်ခရီးသွားလာမှုကို အားပေးလမ်းညွှန်ရမည်ဖြစ်ကြောင်း

ပဥ္စမအနေဖြင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို လက်ကိုင်ထားကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပို၍ ပြည့်စုံအောင်မွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အတူဆွေးနွေး၊အတူတည်ဆောက်၊ အတူမျှဝေကြသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းအရင်းမြစ်များဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်၍ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏အခွင့်အာဏာနှင့်နေရာကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ဗဟိုပြု အကောင်အထည်ဖော်ရာတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေးစသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဘက်ပေါင်းစုံ တွန်းအားပေးရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံမှ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်တွင် ဘက်ပေါင်းစုံက တက်ကြွစွာ ပါဝင်ကြဖို့ မျှော်လင့်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသစ် တည်ထောင်ပြီးနောက်ပိုင်း ခေတ်အဆက်ဆက်က တောင်တွေ့လျှင် လမ်းဖောက်၊ ရေတွေ့လျှင်တံတားဆောက်ခဲ့ကြသည်မှာ လမ်းပန်းဆက်သွယ်ရေးနိုင်ငံကြီးအဖြစ်တည်ဆောက်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးအနေဖြင့် ခိုင်ခိုင်မာမာဆောင်ရွက်ခဲ့ရာတွင် ကမ္ဘာ့ အကြီးဆုံး မြန်နှုန်မြင့်ရထားလမ်းကွန်ရက်၊ အမြန်လမ်းကွန်ရက်၊ ကမ္ဘာ့အဆင့်ဆိပ်ကမ်းအုပ်စုများကို တည်ဆောက်ပြီးဖြစ်ရာ လေကြောင်းရေကြောင်းသွားလာရေးသည် ကမ္ဘာအနှံ့သို့ ရောက်ရှိနိုင်ခဲ့ကြောင်း၊ စမ်းသပ်တီထွင်မှုကို ရှေ့ဆောင်၍ မြန်နှုန်းမြင့်ရထား၊လေယာဉ် စသည့် ထုတ်လုပ်မှုတွင် အောင်မြင်မှုများရရှိခဲ့သလို စွမ်းအင်သစ် မော်တော်ယာဉ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာ၏ တစ်ဝက်ကျော်တွင် ရှိကြောင်း ၊ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား၊ ပေကျင်းတာ့ရှင်းနိုင်ငံတကာလေဆိပ် စသည့် အထူးကြီးမားသောစီမံကိန်းကြီးများ တည်ဆောက်ပြီးစီး အသုံးပြုနေပြီဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးသည် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းသည့် ရှေ့ဆောင်လမ်းဖြစ်ခဲ့ကြောင်း ၊ မိမိတို့အနေဖြင့် လမ်းပန်းဆက်သွယ်ရေးဖြင့် ကမ္ဘာအနှံ့ချိတ်ဆက်ဖို့ ခိုင်မာစွာဆောင်ရွက်ခဲ့ရာတွင် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းပို့ဆောင်ရေးချိတ်ဆက်မှုအများဆုံး၊ ကုန်သွယ်ရေးပမာဏအကြီးဆုံး စီးပွားရေးဖြစ်လာခဲ့ကြောင်း၊ ကိုဗစ်ကပ်ရောဂါကာလတွင် တရုတ်-ဥရောပ ရထား၊ ပင်လယ်သမုဒ္ဒရာ ကုန်တင်သင်္ဘောများ နေ့ညမလပ်ပြေးဆွဲလျက်ရှိရာ ကမ္ဘာ့ထုတ်ကုန်လုပ်ငန်း ကွင်းဆက် တည်ငြိမ်အောင် အစွမ်းကုန်ဆောင်ရွက်ခဲ့သည်မှာ တရုတ်နိုင်ငံ၏ တာဝန်ယူမှုကို ထင်ဟပ်စေပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စစ်မှန်သည့်နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒအလံကို ဆက်လက်၍ မြင့်မြင့်ကိုင်စွဲကာ ကမ္ဘာနှင့်ကူးလူးဆက်ဆံသွားမည်ဖြစ်သလို ခေတ်ကာလနှင့်လျော်ညီအောင် ဆောင်ရွက်မည်ဖြစ်ရာ မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်သည့်တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် ပို၍ကြီးမားသော အကျိုးကို ဆောင်ကျဉ်းပေးသွားမည်ဖြစ်ကြောင်း သမ္မတရှီက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပို၍အဆင့်မြင့်သည့် တံခါးဖွင့်စီးပွားရေးစနစ်သစ်ကို တည်ဆောက်မည့် ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်သလို ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး လွတ်လပ်သောအသွင် အဆင်ပြေလွယ်ကူသောအသွင်သို့ မြှင့်တင်မည့် ဆုံးဖြတ်ချက်ကလည်း ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံမှ ဖွင့်ထားသော တံခါးသည် ပို၍ ကျယ်ပြန့်လာဖို့သာရှိပြီး မည့်သည့်အခါမှ တံခါးပိတ်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ရာ နိုင်ငံအသီးသီးနှင့်အတူ အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်ရေးကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိမ်းရောင် ပိုးလမ်းမနှင့် ဒစ်ဂျစ်တယ်ပိုးလမ်းမကို အရှိန်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံတကာ ရေရှည်တည်တံ့သည့်လမ်းပန်းဆက်သွယ်ရေးဆန်းသစ်တီထွင်မှုနှင့်ဗဟုသုတစင်တာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မိမိတို့အတူလက်တွဲ၍ အပြန်အလှန်ချိတ်ဆက် ဆက်နွယ်သော အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော လမ်းကြောင်းမှန်ကို အတူလျှောက်လှမ်း၍ ရေရှည်ငြိမ်းချမ်းသော၊ အများလုံခြုံသော၊ အတူစည်ပင်ဝပျောသော၊ တံခါးဖွင့်လက်ခံသော၊ သန့်ရှင်းလှပသော ကမ္ဘာကြီးကို အတူတည်ဆောက်ကာ လူသားတို့၏ အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် တွန်အားပေးဆောင်ရွက်ကြပါစို့ဟူ၍လည်း သမ္မတရှီကျင့်ဖိန်က နိဂုံးတွင် ပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို တင်းရွှဲရှန်၊ လျိုဟဲ့၊ ချိုက်ချီ၊ ဝမ်ရိ၊ ဟဲလိဖုန်း စသည်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေး ကွန်ဖရင့်ကို အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ အွန်လိုင်း အော့ဖ်လိုင်း နှစ်မျိုးဖြင့် ပေကျင်းတွင် ကျင်းပခဲ့ရာ ရုရှားသမ္မတ ပူတင်၊ တာ့ခ်မင်နစ္စတန်သမ္မတ Berdymuhamedov၊အီသီယိုးပီးယားသမ္မတSahel-Walker၊ ပနားမားသမ္မတ Cortiso၊ နယ်သာလန် ဝန်ကြီးချုပ် Rutte၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့က ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို နိုင်ငံပေါင်း ၁၇၁ နိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(外事)习近平出席第二届联合国全球可持续交通大会开幕式并发表主旨讲话  强调坚持开放联动,坚持共同发展,坚持创新驱动,坚持生态优先,坚持多边主义,书写基础设施联通、贸易投资畅通、文明交融沟通的新篇章
2021-10-14 21:39:35
新华社北京10月14日电国家主席习近平14日晚以视频方式出席第二届联合国全球可持续交通大会开幕式并发表题为《与世界相交 与时代相通 在可持续发展道路上阔步前行》的主旨讲话。(讲话全文另发)
习近平指出,交通是经济的脉络和文明的纽带。从古丝绸之路的驼铃帆影,到航海时代的劈波斩浪,再到现代交通网络的四通八达,交通推动经济融通、人文交流,使世界成了紧密相连的“地球村”。当前,百年变局和世纪疫情叠加,给世界经济发展和民生改善带来严重挑战。我们要顺应世界发展大势,推进全球交通合作,书写基础设施联通、贸易投资畅通、文明交融沟通的新篇章。
第一,坚持开放联动,推进互联互通。要推动建设开放型世界经济,不搞歧视性、排他性规则和体系,推动经济全球化朝着更加开放、包容、普惠、平衡、共赢的方向发展。要加强基础设施“硬联通”、制度规则“软联通”,促进陆、海、天、网“四位一体”互联互通。
第二,坚持共同发展,促进公平普惠。各国一起发展才是真发展,大家共同富裕才是真富裕。只有解决好发展不平衡问题,才能够为人类共同发展开辟更加广阔的前景。要发挥交通先行作用,加大对贫困地区交通投入,让贫困地区经济民生因路而兴。加强南北合作、南南合作,为最不发达国家、内陆发展中国家交通基础设施建设提供更多支持,促进共同繁荣。
第三,坚持创新驱动,增强发展动能。要大力发展智慧交通和智慧物流,推动大数据、互联网、人工智能、区块链等新技术与交通行业深度融合,使人享其行、物畅其流。
第四,坚持生态优先,实现绿色低碳。建立绿色低碳发展的经济体系,促进经济社会发展全面绿色转型,才是实现可持续发展的长久之策。要加快形成绿色低碳交通运输方式,加强绿色基础设施建设,推广新能源、智能化、数字化、轻量化交通装备,鼓励引导绿色出行,让交通更加环保、出行更加低碳。
第五,坚持多边主义,完善全球治理。要践行共商共建共享的全球治理观,动员全球资源,应对全球挑战,促进全球发展。维护联合国权威和地位,围绕落实联合国2030年可持续发展议程,全面推进减贫、卫生、交通物流、基础设施建设等合作。希望各方积极参与中方提出的全球发展倡议。
习近平指出,新中国成立以来,几代人逢山开路、遇水架桥,建成了交通大国,正在加快建设交通强国。我们坚持交通先行,建成了全球最大的高速铁路网、高速公路网、世界级港口群,航空航海通达全球。我们坚持创新引领,高铁、大飞机等装备制造实现重大突破,新能源汽车占全球总量一半以上,港珠澳大桥、北京大兴国际机场等超大型交通工程建成投运,交通成为中国现代化的开路先锋。我们坚持交通天下,已经成为全球海运连接度最高、货物贸易额最大的经济体。新冠肺炎疫情期间,中欧班列、远洋货轮昼夜穿梭,全力保障全球产业链供应链稳定,体现了中国担当。
习近平强调,中国将继续高举真正的多边主义旗帜,坚持与世界相交,与时代相通,在实现自身发展的同时,为全球发展作出更大贡献。中国构建更高水平开放型经济新体制的方向不会变,促进贸易和投资自由化便利化的决心不会变。中国开放的大门只会越开越大,永远不会关上。中国将继续推进高质量共建“一带一路”,加强同各国基础设施互联互通,加快建设绿色丝绸之路和数字丝绸之路。
习近平宣布,中方将建立中国国际可持续交通创新和知识中心,为全球交通发展贡献力量。
习近平最后强调,让我们携手走互联互通、互利共赢的人间正道,共同建设一个持久和平、普遍安全、共同繁荣、开放包容、清洁美丽的世界,推动构建人类命运共同体。
丁薛祥、刘鹤、蔡奇、王毅、何立峰等参加开幕式。
第二届联合国全球可持续交通大会于10月14日至16日以线上线下相结合方式在北京举行。俄罗斯总统普京、土库曼斯坦总统别尔德穆哈梅多夫、埃塞俄比亚总统萨赫勒-沃克、巴拿马总统科尔蒂索、荷兰首相吕特、联合国秘书长古特雷斯等应邀以视频方式发表致辞。171个国家的代表出席了开幕式。(完)
图说1:10月14日晚,国家主席习近平以视频方式出席第二届联合国全球可持续交通大会开幕式并发表题为《与世界相交 与时代相通 在可持续发展道路上阔步前行》的主旨讲话。 新华社记者 李涛 摄