Connect with us

Asia

တာလီဘန်နှင့် အမေရိကန်၊ ဥရောပကိုယ်စားလှယ်များ ဆက်တိုက်တွေ့ဆုံဆွေးနွေးမှုများရှိ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် အပြုသဘောဆက်ဆံသွားလိုကြောင်း တာလီဘန်ပြော

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်ကိုယ်စားလှယ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုအပြီး တာလီဘန်တို့က အောက်တိုဘာ ၁၂ ရက်တွင် ဥရောပသမဂ္ဂကိုယ်စားလှယ်များနှင့် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သည်။
နိုင်ငံတကာအသိုက်အဝန်းနှင့် အပြုသဘော ဆက်ဆံသွားလိုကြောင်း၊ “ပူးပေါင်းဆောင်ရွက်မှုနှင့် ဖိအားမပေးရန်”တိုက်တွန်းကြောင်း တာလီဘန်တို့က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟားမြို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှထောက်ပံ့ပေးသော ပစ္စည်းများအား လာရောက်ယူဆောင်နေကြသည်ကို အောက်တိုဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ကျွန်တော်တို့ မနက်ဖြန် ဥရောပသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က အခြားနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုများ တက်တက်ကြွကြွဆောင်ရွက်နေတယ်”တာလီဘန် ယာယီအစိုးရ ခေတ္တနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqiက အောက်တိုဘာ ၁၁ ရက် ဒိုဟာတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား အောက်တိုဘာ ၁၁ ရက် နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒိုဟာမြို့တွင် အာဖဂန်တာလီဘန်များက နိုင်ငံရေးအခြေစိုက်ရုံးထားရှိသည်။ အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်က ဒိုဟာတွင် တာလီဘန်နှင့်အမေရိကန် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ရာ ၎င်းမှာ ဩဂုတ် လကုန် အမေရိကန် စစ်တပ်ရုပ်သိမ်းပြီးနောက်ပိုင်း နှစ်ဖက်အကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

တာလီဘန်အနေဖြင့် ဂျာမနီ အစိုးရအရာရှိ၊ ဗြိတိန် လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း Amir Khan Muttaqiက ဒိုဟာတွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

တာလီဘန်ကိုယ်စားလှယ်များနှင့် အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည့်အကြောင်းနှင့် အမေရိကန် ကိုယ်စားလှယ်များလည်း ပါဝင်မည့်အကြောင်းကို ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Nabila Massraliက အတည်ပြုခဲ့သည်။ အမေရိကန်နိုင်ငံနှင့်ဥရောပဘက်က အာဖဂန်တွင် ရှိနေသူများ လွတ်လပ်စွာထွက်ခွာခွင့်ရစေလိုကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးရေး၊ အမျိုးသမီးအခွင့်အရေးနှင့် အကြမ်းဖက်များ အာဖဂန်ကို တိုက်ခိုက်ရေးအခြေစိုက်စခန်းအဖြစ်လုပ်ဆောင်မှုကို ကာကွယ်တားဆီးရေး စသည့် ကဏ္ဍများအပါအဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကဏ္ဍများသည် တာလီဘန်နှင့်အမေရိကန်၏ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာလည်း ဖြစ်ကြောင်းသိရသည်။

ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုက တာလီဘန်တို့၏နိုင်ငံရေးအာဏာကို အသိအမှတ်ပြုခြင်းမဟုတ်ဘဲ နည်းပညာအရ အလွတ်သဘောဆွေးနွေးခြင်းဖြစ်ကြောင်း အမေရိကန်ကဲ့သို့ပင် ဥရောပသမဂ္ဂက ဆိုသည်။

Amir Khan Muttaqiက တာလီဘန်တို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ထိတွေ့ဆက်ဆံသွားလိုသည့် ရပ်တည်ချက်ကို ဖော်ပြရာတွင် “ကျွန်တော်တို့က ကမ္ဘာ့နှင့်အတူ အပြုသဘောဆောင်သည့် ဆက်ဆံရေးတည်ဆောက်သွားဖို့ မျှော်လင့်တယ်၊ ဟန်ချက်ညီတဲ့နိုင်ငံတကာဆက်ဆံရေးက အာဖဂန်ကို မတည်ငြိမ်မှုတွေက ရုန်းထွက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို ကျွန်တော်တို့ယုံကြည်တယ် ”ဟု ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုက်အဝန်းက ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်သင့်ပြီး ဖိအားပေးရမှာမဟုတ်ဘူး”၊ အာဖဂန်ရှိ IS အစွန်းရောက်အဖွဲ့ခွဲများ၏လှုပ်ရှားမှုကို တာလီဘန်များက တားဆီးထိန်းချုပ်လျက်ရှိကြောင်း၊ ဖိအားပေးမည်ဆိုပါက အစွန်းရောက်များအတွက်သာ အကျိုးဖြစ်စေလိမ့်မည်ဟု Amir Khan Muttaqiက ဆိုသည်။ အာဖဂန် ဗဟိုဘဏ်၏ ကန်ဒေါ်လာ ၉ ဘီလီယံအား ပိတ်ဆို့ထားမှုကို အမေရိကန်က ဖြေလျှော့ပေးဖို့ ၎င်းက ထပ်မံတိုက်တွန်းခဲ့သည်။

“အာဖဂန်ပြည်သူများကို တိုက်ရိုက်ရောက်ရှိမည့်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးလိုကြောင်း ယခင်ဆွေးနွေးမှုတွင် အမေရိကန်က ပြောကြားခဲ့သော်လည်း ပိတ်ဆို့ထားသည့် ဘဏ္ဍာငွေအကြောင်း ပြောကြားမှု မရှိခဲ့ဟု သိရသည်။

အာဖဂန်၏ စီးပွားရေး ပြိုလဲမှုမဖြစ်စေရန်အတွက် နိုင်ငံတကာအသိုက်အဝန်းက ကူညီထောက်ပံ့မှုများ အလျင်အမြန်ပေးကြဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က အောက်တိုဘာ ၁၁ ရက်တွင် တိုက်တွန်းခဲ့သည်။ “ဒီအကျပ်အတည်းက အနည်းဆုံး လူပေါင်း ၁၈ သန်း၊ နိုင်ငံရဲ့ လူဦးရေ တစ်ဝက်ကို ထိခိုက်နေတယ်”ဟု ၎င်းက ဆိုသည်။

အာဖဂန်စီးပွားရေး သက်ဝင်စီးဆင်မှုရှိအောင် နိုင်ငံတကာအသိုက်အဝန်းက ချက်ချင်းဆောင်ရွက်ကြဖို့ ၊ထိုသို့ ထောက်ခံခြင်းသည် တာလီဘန်တို့၏နိုင်ငံရေးအာဏာကို အသိအမှတ်ပြုခြင်းနှင့်မဆက်စပ်သင့်ကြောင်း ဂူတာရက်စ်က ဆိုသည်။ ဆောင်းရာသီမတိုင်မီ အာဖဂန်လူထုအတွက် အသက်ကယ်နိုင်မည့် အကူအညီများအလျင်မီပေးဖို့ ရန် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လူအခွင့်အရေးအဖွဲ့များက မိနစ်စက္ကန့်မခြားအချိန်လု ဆောင်ရွက်နေကြောင်း ၊ ကူညီပံ့ပိုးရေးလှုပ်ရှားမှုက တာလီဘန်တို့၏ပူးပေါင်းဆောင်ရွက်မှုကို ရရှိခဲ့ကြောင်း ၊၎င်းတို့အနေဖြင့် လိုအပ်သည့်အချိန်တွင် လုံခြုံရေးအကာအကွယ်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

#Taliban, #Meet, #EU, #US, #Representatives, #xinhua, #xinhuamyanmar, #တာလီဘန်, #အမေရိန်, #ဥရောပသမဂ္ဂ, #ကိုယ်စားလှယ်, #တွေ့ဆုံဆွေးနွေး, #ဆင်ဟွာ
—————————————————-
(Chinese Version)

接连会晤美欧代表 塔利班称愿与国际社会“积极”交往

新华社北京10月12日电 与美国代表结束面对面会谈后,阿富汗塔利班定于12日与欧洲联盟代表在卡塔尔首都多哈会谈。
塔利班表达与国际社会“积极”相处的意愿,呼吁“合作而非施压”。

塔利班临时政府代理外交部长阿米尔•汗•穆塔基11日在多哈说:“我们明天与欧盟代表会谈。我们正与其他国家的代表积极会晤。”
9月14日,塔利班临时政府代理外交部长阿米尔•汗•穆塔基在喀布尔出席记者会。(新华社发,塞夫拉赫曼•萨菲摄)
阿富汗塔利班在多哈设有政治办事处。塔利班代表9日和10日在多哈与美国代表会谈,这是美军8月底撤出阿富汗以来双方首次面对面会谈。
穆塔基在多哈的一场活动中说,塔利班方面还会见了德国政府官员和英国议会议员。

欧盟发言人娜比拉•马斯拉利证实欧盟与塔利班代表12日将会谈,且美方代表也参加。“美国和欧洲方面”将谈及多个议题,包括允许希望离开阿富汗的人自由离开、人道援助、女性权利和防止恐怖分子把阿富汗作为发动袭击基地。上述议题也是塔利班与美方会谈的内容。
与美方一样,欧盟方面表示,这次会谈不代表承认塔利班政权,只是“技术层面的非正式交流”。

10月7日,人们在阿富汗坎大哈领取由世界粮食计划署提供的物资援助。(新华社发,萨瑙拉摄)
穆塔基则表达了塔利班愿与国际社会接触的立场:“我们希望与世界建立积极关系。我们相信平衡的国际关系,这样的关系能使阿富汗摆脱动荡。”
“国际社会应当与我们合作而不是施压。”穆塔基说,塔利班正在遏制极端组织“伊斯兰国”阿富汗分支的活动,施压只会有利于后者。他再次敦促美国解除对阿富汗中央银行超过90亿美元资产的冻结。
美方在先前会谈中表示愿意“直接向阿富汗人民”提供人道主义援助,但没有就解冻资产松口。
10月11日,在位于纽约的联合国总部,联合国秘书长古特雷斯在记者会上讲话。(新华社记者谢锷摄)
联合国秘书长安东尼奥•古特雷斯11日呼吁国际社会迅速提供援助,以免阿富汗“经济崩溃”。“这场危机正影响至少1800万人,占这个国家人口半数。”
古特雷斯敦促国际社会立即向阿富汗经济注入流动性,这种支持不应与是否承认塔利班政权挂钩。

他说,联合国机构和人道主义团体正争分夺秒,赶在冬季到来前向阿富汗民众提供“拯救生命的援助”。援助行动获得塔利班方面配合,后者在必要时提供安全保护。(惠晓霜)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.