Connect with us

China

အာရှမိသားစုဥယျာဉ် အတူတည်ဆောက်ရေး အကြံပြုချက် ၄ ရပ် ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ သဝဏ်လွှာအား “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဖတ်ကြားနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အောက်တိုဘာ ၂၄ ရက်က “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အောက်တိုဘာ ၂၄ ရက်တွင် တက်ရောက်ခဲ့သည်။

“ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ဧည့်သည်တော်များနှင့် တွေ့ဆုံနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ဧည့်သည်တော်များနှင့် တွေ့ဆုံနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝမ်ရိက တရုတ်နိုင်ငံသည် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ်ကို အစဉ်အမြဲလက်ကိုင်ထားပြီး အိမ်နီးချင်းနှင့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အမှီသဟဲပြုမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် သင့်မြတ်သော၊ အေးချမ်းသော၊ ချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်သော ဆက်ဆံရေးကို ခိုင်မာစွာ ကျင့်သုံး၍ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးစီးပွား ပေါင်းစည်းမှုကို နက်ရှိုင်းအောင်၊ မိမိတို့၏ ဘုံမိသားစုဥယျာဉ်ကို ကောင်းမွန်အောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတွက် အကြုံပြုချက် ၄ ရပ်ကိုလည်း ဝမ်ရိက ပြောကြားခဲ့သည်။

ပထမအနေဖြင့် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေမှုကို ခိုင်မာစွာလက်ကိုင်ထား၍ “ရပ်ဝန်းနှင့်ပိုးလမ်းမ” သရုပ်ပြဇုန်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားရမည် ဖြစ်ရာ အခြေခံ အဆောက်အဦ ချိတ်ဆက်မှု “hard connectivity” နှင့် စည်းမျဉ်းစည်းကမ်း စံချိန်စံညွှန်းချိတ်ဆက်မှု “soft connectivity” ကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် ဒေသတွင်း နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုများကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ခြင်း၊ ဒေသတွင်း စီးပွားရေး လည်ပတ်ရေး အဆင်ပြေချောမွေ့မှုကို မြှင့်တင်ခြင်းဖြင့် ဒေသတွင်း နိုင်ငံအသီးသီးရှိ ပြည်သူများအတွက် ပို၍များပြားသော အကျိုးစီးပွားကို ဆောင်ကြဉ်းပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာ အတူတကွ ကြိုးပမ်းအားထုတ်ရမည် ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ရှေ့ပြေးဇုန်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အရှိန်မြှင့်တင် ဖော်ဆောင်ရမည် ဖြစ်ပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ ဘဝနေထိုင်မှု ကောင်းမွန်အောင် အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် (RCEP) ကို အတူကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ရာ ၂၀၂၄ ခုနှစ်အတွင်း တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဗားရှင်း ၃.၀ ဆွေးနွေးမှုကို ပြီးမြောက်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင်ပြေလွယ်ကူစေရေးကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ အဏ္ဏဝါစီပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတိုးတက်မှုအသစ်ရရှိအောင် ပျိုးထောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် အခက်အခဲများကို စည်းလုံးညီညွတ်စွာ ကျော်ဖြတ်ရမည် ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) စမ်းသပ်ဇုန် တည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ နိုင်ငံအသီးသီး၏ လွတ်လပ်စွာ ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်ကို လေးစားရမည်ဖြစ်ပြီး ပြည်ပအင်အားစုများက ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းရေး စွက်ဖက်မှုကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ စစ်အေးခေတ်အတွေးအခေါ်ကို အတိအလင်း ဆန့်ကျင်ရမည်ဖြစ်ပြီး ဤဒေသတွင် ပထဝီနိုင်ငံရေးပဋိပက္ခဟူသော ဝမ်းနည်းဖွယ်ဖြစ်ရပ်မျိုး လုံးဝ မဖြစ်ပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ “တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာစာတမ်း”ကို ထိရောက်စွာ ဖော်ဆောင်ပြီး “တောင်တရုတ်ပင်လယ် ကျင့်ထုံးဥပဒေ” ဆောလျင်စွာ ဖြစ်မြောက်အောင် ဆောင်ရွက်သွားလိုရာ ငြိမ်းချမ်းသောပင်လယ်၊ ပူးပေါင်းဆောက်ရွက်မှုရှိသော ပင်လယ်အဖြစ် အတူတည်ဆောက်သွားလိုကြောင်း၊ သမိုင်း၌ ကျန်ရစ်ခဲ့သည့် အငြင်းပွားမှု ပြဿနာများအပေါ် တရုတ်နိုင်ငံအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် သင့်လျော်မျှတသည့် ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေသွားလိုပြီး အာရှ ဘုံလုံခြုံရေးလမ်းကို လျှောက်လှမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် အာရှ၏စံတန်ဖိုးများကို ခိုင်မြဲစွာ လက်ကိုင်ထား၍ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) ၏ အကောင်းဆုံးဇုန်အဖြစ် တည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ရှည်ကြာလှသည့်သမိုင်းနှင့် စုံလင်လှသည့် ယဉ်ကျေးမှုများမှ ဉာဏ်ပညာကို ရယူရမည် ဖြစ်ပြီး ငြိမ်းချမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အားလုံးလက်ခံပါဝင်မှု၊ ပေါင်းစည်းမှုကို ဗဟိုပြုသည့် အာရှ၏ စံတန်ဖိုးကို မြှင့်တင်ကာ ယဉ်ကျေးမှု အပြန်အလှန် လေ့လာဖလှယ်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် “တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှစ်” စသည့် လှုပ်ရှားမှုများကို အခွင့်အလမ်းအဖြစ် ရှုမြင်ကာ ဒေသတွင်းနိုင်ငံများ၏ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အားကစား၊ ပညာရှင်၊ မီဒီယာ၊ ခရီးသွား စသည့် ကဏ္ဍများ၏ ဖလှယ်မှုကို တွန်းအားပေးဆောင်ရွက်ပြီး ပြည်သူချင်းစိတ်ချင်းဆက်နွယ်မှုကို မြှင့်တင်ကာ အပြန်အလှန်သိရှိနားလည်မှု၊ ခင်မင်ရင်းနှီးမှု၊ ခေတ်အဆက်ဆက် ချစ်ကြည်ရေး၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် မပြတ် တည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
王毅就共建亚洲家园提出四点建议
新华社北京10月24日电10月24日,中共中央政治局委员、中央外办主任王毅出席纪念亲诚惠容周边外交理念提出10周年国际研讨会开幕式时表示,中方将始终秉持亲诚惠容理念,坚持与邻为善、以邻为伴和睦邻、安邻、富邻方针,深化同周边国家友好合作和利益融合,建设好我们的共同家园。为此提出四点建议。
一是坚持共商共建共享,打造“一带一路”示范区。要落实好第三届“一带一路”国际合作高峰论坛成果,深化基础设施“硬联通”和规则标准“软联通”。积极推动“一带一路”倡议与地区各国发展战略对接,促进区域经济循环畅通升级,为地区各国人民带来更多福祉。
二是坚持共谋发展,打造全球发展倡议先行区。要加快落实联合国2030年可持续发展议程,加强国际发展合作,促进改善民生。共同实施好《区域全面经济伙伴关系协定》,力争2024年内完成中国-东盟自贸区3.0版谈判。加快推进区域经济一体化和贸易合作便利化,拓展数字经济、绿色经济、海洋经济合作,培育合作新增长极。
三是坚持和衷共济,打造全球安全倡议实验区。要尊重各国自主选择的发展道路,反对外部势力干涉地区国家内政。旗帜鲜明反对冷战思维,决不让地缘冲突的悲剧在本地区上演。中国愿同东盟国家全面有效落实《南海各方行为宣言》,力争早日达成“南海行为准则”,共同建设和平之海、合作之海。对于历史遗留的争议问题,中国愿通过协商谈判寻求公平合理的解决方案,走亚洲共同安全之路。
四是坚持亚洲价值,打造全球文明倡议首善区。要从悠久历史和多元文化中汲取智慧,弘扬以和平、合作、包容、融合为核心的亚洲价值观,深化文明交流互鉴。以2024年举办“中国东盟人文交流年”等一系列活动为契机,拓展地区国家人文交流。推进体育、智库、媒体、旅游等领域交流,促进民心相通,不断筑牢相知相亲、世代友好的基石。
1. 10月24日,纪念亲诚惠容周边外交理念提出10周年国际研讨会在北京举行。中共中央政治局委员、中央外办主任王毅宣读习近平主席书面致辞。
2. 10月24日,中共中央政治局委员、中央外办主任王毅在北京集体会见出席纪念亲诚惠容周边外交理念提出10周年国际研讨会的外方嘉宾。