Connect with us

China

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ထိုင်းအုန်းသီးများ ပါဝင်ပြသ

ထိုင်းနိုင်ငံ ရတ်ချာဘူရီမြို့ Damnoen Saduak ရှိ အုန်းသီးစိုက်ခင်းဥယျာဉ်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရတ်ချာဘူရီ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နှင့် ၁၀၀ ကီလိုမီတာအကွာခန့်၌ တည်ရှိသော Damnoen Saduak သည် နှစ်ပေါင်းရာကျော်ရှိသော ရေပေါ်ဈေးအမည်ဖြင့် ကျော်ကြားသည့် နေရာဖြစ်သလို ယင်းနေရာ၌ ထွက်ရှိသော အုန်းသီးများက တစ်မူထူးခြားသည့်မွှေးရနံ့နှင့် ချိုမြိန်သည့်အရသာကြောင့် နာမည်ကြီးရာ အုန်းချိုမွှေး အဓိက ထုတ်လုပ်ရာနေရာလည်း ဖြစ်သည်။

ယခုနှစ်ပိုင်းများတွင် ထိုင်းအုန်းချိုမွှေးသည် တရုတ်စားသုံးသူများကြားမှာ လူကြိုက်များရေပန်းစားခဲ့သည်။ Damnoen Saduak မှ အုန်းချိုမွှေးထုတ်ကုန်ပစ္စည်းများသည် ယခုရက်ပိုင်းများတွင် ရှန်ဟိုင်းသို့ ထပ်မံရောက်ရှိလာပြီး တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ပြသလျက်ရှိသည်။
ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ရတ်ချာဘူရီမြို့ Damnoen Saduak ရှိ အုန်းသီးစက်ရုံတွင် အုန်းသီးခွဲနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ရတ်ချာဘူရီမြို့ Damnoen Saduak ရှိ အုန်းသီးစက်ရုံမှ ဝန်ထမ်းတစ်ဦးက အုန်းသီးထုတ်ကုန်ပစ္စည်းများအား ပြသနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(Chinese Version)
泰国椰香飘入进博会
丹嫩沙多,距离泰国首都曼谷约100公里,以百年水上市场而闻名。同时,这里生长的椰子以其独特的芳香和甜味而闻名,是香水椰子的重要产地。近年来,泰国香水椰子颇受中国消费者青睐。来自丹嫩沙多的香水椰子产品近日再赴上海,亮相中国国际进口博览会。
第六届进博会于11月5日至10日在上海举行。
1. 这是11月3日在泰国叻武里府丹嫩沙多拍摄的椰子园(无人机照片)。
2. 11月3日,工人在泰国叻武里府丹嫩沙多的椰子工厂切割椰子。
3. 11月3日,在泰国叻武里府丹嫩沙多区经营椰子工厂的那龙萨•臣素春展示椰子产品。