Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၅ ရက်တွင် ရှန်ဟိုင်းမြို့၌ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) နှင့် ဟုန်ချောင်နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့၌ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) နှင့် ဟုန်ချောင်နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

လီချန်က ယခုအကြိမ် သွင်းကုန်ပြပွဲသို့ သမ္မတ ရှီကျင့်ဖိန် သဝဏ်လွှာပေးပို့ခဲ့ရာတွင် တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှု၊ တံခါးဖွင့်ပွင့်လင်းသည့် ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်သွားမည့် ခိုင်မာသောသန္နိဋ္ဌာန်ကို ထပ်မံအလေးထားပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနားအပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့်နိုင်ငံတကာခေါင်းဆောင်များအတူ ပြပွဲတွင် လေ့လာကြည့်ရှုနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနားအပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် ပြပွဲတွင် လေ့လာကြည့်ရှုနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာတွင် ပထမဆုံး သွင်းကုန်ကို ရည်ရွယ်ထားသော နိုင်ငံတကာအဆင့်ပြပွဲအနေဖြင့် CIIE စတင်ကျင်းပသည့်အချိန်မှစ၍ တရုတ်နိုင်ငံနှင့်ကမ္ဘာကို တက်ကြွစွာ ချိတ်ဆက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ ဝယ်ယူမှု၊ ရင်းနှီးမြှုပ်နှံရေး မြှင့်တင်မှု၊ လူမှုယဉ်ကျေးမှု ဖလှယ်မှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု ဟူသော ပလက်ဖောင်းလေးခု၏အခန်းကဏ္ဍကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်ခဲ့ရာတွင် တစ်ကမ္ဘာလုံးနှင့်အတူ နိုင်ငံတကာပြည်သူ့ထုတ်ကုန်ကို မျှဝေလျက်ရှိသည်မှာ ပို၍ ထင်ရှားလာကြောင်း လီချန်က ပြောကြားခဲ့သည်။

“CIIE ၏ အကြောင်းအရာများ”ကို အားလုံးနှင့်မျှဝေပြီးနောက် လီချန်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းမှုသည် သမိုင်း၏ရေစီးကြောင်း၊ လူအများ၏သဘောဆန္ဒ ဖြစ်ကြောင်း၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့်ဘုံအကျိုးစီးပွားဖော်ဆောင်မှုသည် ဉာဏ်ပညာအရှိဆုံးနှင့် သဘာဝအကျဆုံး ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် စိတ်ရင်းစေတနာမှန်ကန်စွာ နိုင်ငံအသီးသီးနှင့်အတူ တံခါးဖွင့်ပွင်းလင်းသော ဇာတ်ခုံတွင် အပြန်အလှန်အောင်မြင်မှုရှိအောင် ရှေ့သို့ လျှောက်လှမ်းသွားလိုကြောင်း၊ ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့ရေးနှင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ကြီးမားသောအကျိုးကို ဆောင်ကြဉ်းရန် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍ ပို၍ ပွင့်လင်းမှု၊ အများပါဝင်မှု၊ အများအကျိုးဖြစ်ထွန်းမှု၊ ဟန်ချက်ညီမှု၊ ဘုံအကျိုးဖြစ်ထွန်းမှုသို့ ဦးတည်သောတိုးတက်မှုရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

လီချန်က ယခုနှစ်သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်စနစ်ကျင့်သုံးသည့် ၄၅ နှစ်ပြည့် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် “ဈေးကွက်အခွင့်အလမ်း ပိုမိုကျယ်ပြန့်စေရန်” တံခါးဖွင့်လှစ်မှုကို ဆက်တိုက် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သွင်းကုန်ကို တက်ကြွစွာ တိုးချဲ့သွားမည် ဖြစ်ကြောင်း ၊ တစ်နိုင်ငံလုံးပုံစံနှင့် လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်ပုံစံ နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှု ကုန်သွယ်ရေး အနုတ်လက္ခဏာစာရင်းကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာအတွက် ဧရာမကြီးမားသော ဈေးကွက်အကျိုးစီးပွားကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

“စည်းကမ်းသတ်မှတ်ချက်များချိတ်ဆက်၍ ပိုမိုကောင်းမွန်သော” တံခါးဖွင့်လှစ်မှုကို ဆက်လက်တွန်းအားပေးသွားမည် ဖြစ်ပြီး လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်၊ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း စသည့် စွမ်းရည်မြင့် တံခါးဖွင့်လှစ်မှု ပလက်ဖောင်းများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ 《ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူညီချက်》နှင့် 《ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်》ပါဝင်မှုကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်သွားမည်ပြီး ဈေးကွက်ဝင်ရောက်မှုကို တစ်ဆင့်တိုး ဖြေလျော့ပေးသွားမည် ဖြစ်သလို နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ဥပဒေအရ ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဆန်းသစ်ဖန်တီးခြင်းနှင့် ပို၍ တက်ကြွခြင်းရှိသော” တံခါးဖွင့်လှစ်မှုကို ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံနှင့် ဆန်းသစ်ဖန်တီးရေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်သလို အောင်မြင်မှုရလဒ်များကိုလည်း မျှဝေသွားမည် ဖြစ်ကြောင်း၊ ဆန်းသစ်ဖန်တီးမှုကို အကန့်အသတ်ဖြစ်စေသော အတားအဆီးများကို ကြိုးပမ်းကျော်လွှားသွားမည် ဖြစ်သလို ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍပြုပြင်ပြောင်းလဲမှု ပို၍ နက်ရှိုင်းအောင်၊ ဥပဒေနှင့်အညီ စနစ်တကျ လွတ်လပ်စွာ ဒေတာ စီးဆင်းမှု တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

“အများပါဝင်မှု၊ မျှဝေမှု ပို၍ အားကောင်းသော” တံခါးဖွင့်လှစ်မှုကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်၏အရှိန်အဝါနှင့်ထိရောက်မှုကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ပြုပြင်ပြောင်းလဲရေးတွင် ဘက်စုံထဲထဲဝင်ဝင် ပါဝင်သွားမည် ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်အောင် မမှိတ်မသုန် ခိုင်မာစွာ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သလို “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ခိုင်မာစွာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင်ပင် ပြည်ပတံခါးဖွင့်လှစ်မှု၌ ရှန်ဟိုင်း၏အရေးကြီးအခန်းကဏ္ဍကို ပိုမိုကောင်းမွန်အောင် မြှင့်တင်သွားမည် ဖြစ်ရာ ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် အဆင့်မြင့်စနစ် တံခါးဖွင့်လှစ်မှုကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သလို ရှန်ဟိုင်းတွင် “ပိုးလမ်းမ e-commerce” ပူးပေါင်းဆောင်ရွက်ရေး ရှေ့ပြေးဇုန် တည်ဆောက်သွားမည် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
(第六届进博会)李强出席第六届中国国际进口博览会开幕式并发表主旨演讲
新华社上海11月5日电11月5日,国务院总理李强在上海出席第六届中国国际进口博览会暨虹桥国际经济论坛开幕式,并发表主旨演讲。
李强表示,习近平主席专门向本届进博会致信,重申了中国推进高水平开放、推动构建开放型世界经济的坚定决心。作为世界上第一个以进口为主题的国家级展会,进博会自举办以来,积极联通中国和世界,国际采购、投资促进、人文交流、开放合作四大平台作用不断增强,全球共享的国际公共产品属性更加彰显。
李强在与大家分享了几个具体的“进博故事”后指出,经济全球化是历史大势、人心所向,开放合作、互利共赢是最明智也是最自然的选择。中国真诚希望与各国一道,在开放的大舞台上相向而行、相互成就,推动经济全球化朝着更加开放、包容、普惠、平衡、共赢的方向发展,为世界经济复苏和全球发展繁荣作出更大贡献。
李强强调,今年是中国改革开放45周年。中国将持续推进“市场机遇更大”的开放,积极扩大进口,实施全国版和自贸试验区版跨境服务贸易负面清单,继续为世界创造巨大市场红利。持续推进“规则对接更好”的开放,打造自由贸易试验区、海南自由贸易港等更多高能级开放平台,积极推进加入《全面与进步跨太平洋伙伴关系协定》和《数字经济伙伴关系协定》,进一步放宽市场准入,依法保护外商投资权益。持续推进“创新动能更足”的开放,与各方加强创新合作与成果共享,努力打破制约创新要素流动的壁垒,深化数字经济领域改革,促进数据依法有序自由流动。持续推进“包容共享更强”的开放,坚定维护多边贸易体制权威性和有效性,全面深入参与世贸组织改革,坚定不移促进全球产业链供应链稳定,深化“一带一路”合作伙伴关系,坚决反对单边主义、保护主义。同时更好发挥上海在对外开放中的重要作用,推进上海自由贸易试验区高水平制度型开放,并在上海建设“丝路电商”合作先行区。
1. 11月5日,国务院总理李强在上海出席第六届中国国际进口博览会暨虹桥国际经济论坛开幕式,并发表主旨演讲。
2. 11月5日,国务院总理李强在上海出席第六届中国国际进口博览会暨虹桥国际经济论坛开幕式,并发表主旨演讲。这是开幕式后,李强同与会外国领导人共同巡馆。
3. 11月5日,国务院总理李强在上海出席第六届中国国际进口博览会暨虹桥国际经济论坛开幕式,并发表主旨演讲。这是开幕式前,李强参观企业展。