Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး အဆိုပြုချက်၏ မူရင်းရည်ရွယ်ချက်အား ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်က တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် နိုင်ငံတကာဧည့်သည်တော်များအား ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်၌ အောက်တိုဘာ ၁၇ ရက် ညပိုင်းတွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ယခုနှစ်သည် မိမိအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲ တည်ဆောက်ရေးကို အဆိုပြုသည့် ၁၀ နှစ်ပြည့်အခါသမယ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤအဆိုပြုချက်၏ မူရင်းရည်ရွယ်ချက်မှာ ရှေးဟောင်းပိုးလမ်းမကို လေ့လာသင်ယူပြီး အပြန်အလှန် ဆက်သွယ် ချိတ်ဆက်မှုကို အဓိကထား၍ နိုင်ငံအသီးသီးနှင့်အတူ မူဝါဒ ညှိနှိုင်းဆွေးနွေးမှု ၊ အဆောက်အဦ ချိတ်ဆက်မှု၊ ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု၊ ဘဏ္ဍာရေး ချိတ်ဆက်ပေါင်းစည်းမှု၊ ပြည်သူချင်း စိတ်ချင်းယှက်နွယ်မှု များကို အားဖြည့်ဆောင်ရွက်ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တွန်းအားသစ် ဖြည့်တင်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာသစ် ဖွင့်လှစ်ရန်၊ နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းသစ် ဖန်တီးရန် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
习近平谈提出共建“一带一路”倡议的初心
习近平在主旨演讲中说,今年是我提出共建“一带一路”倡议10周年。提出这一倡议的初心,是借鉴古丝绸之路,以互联互通为主线,同各国加强政策沟通、设施联通、贸易畅通、资金融通、民心相通,为世界经济增长注入新动能,为全球发展开辟新空间,为国际经济合作打造新平台。
1. 10月17日晚,国家主席习近平和夫人彭丽媛在北京人民大会堂举行宴会,欢迎来华出席第三届“一带一路”国际合作高峰论坛的国际贵宾。这是习近平和彭丽媛同国际贵宾合影留念。