Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာ့စီမံအုပ်ချုပ်မှုတွင် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု သံတမန်ရေးရာသည် တရုတ်နိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် ပါဝင်ရန်နှင့် အေးအတူ ပူအမျှ ကမ္ဘာ့အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး မြှင့်တင်ရန် အရေးပါသော နည်းလမ်းတစ်ခုဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောခဲ့သည်။

တာဝန်ယူမှုရှိသော နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် မိမိတို့ပါဝင်လျက်ရှိသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဖိုရမ်များ၌ မည်သည့်အခါမျှ ပျက်ကွက်ခြင်းမရှိကြောင်း ဝမ်က “ကမ္ဘာလုံးဆိုင်ရာ အေးအတူ ပူအမျှအသိုက်အဝန်း – တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ” ဟူသော ခေါင်းစဉ်ဖြင့် အသစ်ထုတ်ပြန်လိုက်သော စက္ကူဖြူစာတမ်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာမီကျင်းပမည့် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်နိုင်ငံ တက်ရောက်မှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဝမ်က တရုတ်နိုင်ငံအနေဖြင့် ဆက်စပ်နိုင်ငံများနှင့် ဆက်သွယ်မှုကို ထိန်းသိမ်းလျက် သင့်တင့်လျောက်ပတ်သောအချိန်၌ သတင်းအချက်အလက်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China playing greater role in global governance: FM
BEIJING, Sept. 26 (Xinhua) — China has played an increasingly important role in global governance, Chinese Foreign Minister Wang Yi said Tuesday.
Multilateral diplomacy is an important way for China to participate in global governance and promote the building of a global community with a shared future, said Wang, who is also a member of the Political Bureau of the Communist Party of China Central Committee.
China, as a responsible country, is never absent at multilateral forums in which it takes part, said Wang at a press conference on a newly-released white paper, titled “A Global Community of Shared Future: China’s Proposals and Actions.”
Answering a question on China’s attendance at the upcoming APEC Economic Leaders’ Meeting, Wang said China keeps in communication with relevant parties and will release the information in due course.