Connect with us

China

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ပေကျင်းမြို့တွင် ကျင်းပ ၊ သမ္မတ ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်းပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၂၈ ရက် ညပိုင်းက ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၂၈ ရက် ညပိုင်းက ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်၍ အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

အခမ်းအနား သဘာပတိအဖြစ် လီချန်က ဆောင်ရွက်ခဲ့ပြီး ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့်တို့နှင့်အတူ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၈၀၀ ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၂၈ ရက် ညပိုင်းက ကျင်းပခဲ့ရာ ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့် စသည် တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံခေါင်းဆောင်များ တက်ရောက်စဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံတော်သစ် တည်ထောင်ပြီး ၇၄ နှစ်ကြာကာလ၌ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုမှ ဘက်စုံ အတော်အသင့် ပြည့်စုံကြွယ်ဝသည့် လူမှုဘဝ ဖော်ဆောင်နိုင်ခဲ့ပြီး တရုတ်ပုံစံ ခေတ်မီ အသွင်ပြောင်းမှုဖြင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်ကို တွန်းအားပေး လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ၊ ၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီက စည်းလုံးညီညွတ်စွာ တစ်ပြည်လုံးရှိ တိုင်းရင်းသားပြည်သူများကို ဦးဆောင် ကြိုးပမ်း ဆောင်ရွက်ခြင်းမှ ရရှိလာသည့် ကြီးမားသော အောင်မြင်မှုရလဒ်များပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာကြီးသည် ရာစုနှစ် အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဖြစ်ပွားလျက်ရှိသလို နိုင်ငံတကာပတ်ဝန်းကျင်သည် နက်ရှိုင်းစွာ ပြောင်းလဲမှုများ ရှိရာ မိမိတို့ ရှေ့သို့ လျှောက်လှမ်းရာ လမ်းသည် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုပြု တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ဘက်စုံထောင့်စုံ ပြည့်စုံ တိကျစွာ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းသစ်ကို အရှိန်အဟုန်မြှင့် တည်ဆောက်ရန်၊ မက်ခရိုစီးပွားရေး ချိန်ညှိမှုကို အားထား ဆောင်ရွက်သွားရန်၊ ထိရောက်သည့် ပြည်တွင်း ဝယ်လိုအားကို ချဲ့ထွင်ရန်၊ စီးပွားရေး ရှင်သန်အားကောင်းစေရေး လှုံ့ဆော်ရန်၊ စီးပွားရေးလည်ပတ်မှု စဉ်ဆက်မပြတ် ကောင်းမွန်မှု ရှိလာရေး ဆက်တိုက် တွန်းအားပေးရန်၊ လူမှုအဖွဲ့အစည်း၏ မျှော်မှန်းချက်များကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရန်၊ ကြီးမားသည့် အန္တရာယ်ကို လက်တွေ့ ကြိုတင်ကာကွယ်ဖြေရှင်းရန်၊ တစ်နှစ်ပတ်လုံး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကြိုးပမ်း ဖော်ဆောင်ရန် ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က မိမိတို့အနေဖြင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” ကို မမှိတ်မသုန် ဘက်စုံ ခိုင်မာစွာ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို အုပ်ချုပ်ရေး” ၊ “နိုင်ငံကို ချစ်မြတ်နိုးသူ မကာအိုကို အုပ်ချုပ်ရေး” ဟူသော အခြေခံမူကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၊ မကာအို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၊ လူမှုဘဝ ကောင်းမွန်အောင် ပြောင်းလဲရေးကို ထောက်ခံသွားမည် ဖြစ်ကြောင်း၊ မိမိ၏ထူးခြားချက်နှင့်အားသာချက်ကို အသုံးပြု၍ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာ ပင်လယ်အော် ဒေသ တည်ဆောက်ရေးကို တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၊ မကာအို ရေရှည် သာယာဝပြော တည်ငြိမ်ရေးကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ နှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို ခိုင်မာစွာ လက်ကိုင်ထားပြီး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်အားပေး ဆောင်ရွက်ရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ ပေါင်းစည်းမှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ တရုတ်အမျိုးသား အခြေခံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်၊ ရေလက်ကြား နှစ်ဖက်ဒေသ မွေးချင်းများ၏ အကျိုးကို တိုးပွားအောင် ဆောင်ရွက်ရန် ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အမိမြေ အပြည့်အဝ ပေါင်းစည်းရေးသည် ပြည်သူ့ဆန္ဒ၊ ခေတ်ကာလ၏ ရေစီးကြောင်း၊ သမိုင်းတွင် မုချမသွေ ဖြစ်မြောက်မည့်အရာ ဖြစ်ရာ မည်သည့် အင်အားစုကမျှ တားဆီး၍ မရနိုင်ကြောင်း ရှီက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က မိမိတို့သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာ လက်ကိုင်ထားပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် တံခါးဖွင့် မဟာဗျူဟာကို အခိုင်အမာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းပြီး စစ်မှန်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံအသီးသီး ပြည်သူများနှင့်အတူ လက်တွဲ၍ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ကာ လူသားမျိုးနွယ်တို့၏ သာယာလှပသော အနာဂတ်ကို အတူတကွ ဖန်တီးသွားမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
庆祝中华人民共和国成立74周年招待会在京举行  习近平发表重要讲话  李强主持 赵乐际王沪宁蔡奇丁薛祥李希韩正出席
新华社北京9月28日电庆祝中华人民共和国成立74周年招待会28日晚在人民大会堂举行。中共中央总书记、国家主席、中央军委主席习近平出席招待会并发表重要讲话。
李强主持招待会,赵乐际、王沪宁、蔡奇、丁薛祥、李希、韩正出席招待会。约800名中外人士欢聚一堂,共庆中华人民共和国华诞。
习近平在讲话中指出,新中国成立74年来,我国由一穷二白到全面小康,已踏上以中国式现代化全面推进强国建设、民族复兴的新征程,这是中国共产党团结带领全国各族人民艰苦奋斗取得的巨大成就。
习近平强调,当前世界百年变局加速演进,国际环境发生深刻变化,我们前进道路上还面临很多风险挑战。我们要围绕推动高质量发展,完整、准确、全面贯彻新发展理念,加快构建新发展格局,着力加大宏观调控,着力扩大国内有效需求,着力激发经营主体活力,不断推动经济运行持续好转、内生动力持续增强、社会预期持续改善,切实防范化解重大风险,努力实现全年经济社会发展目标。
习近平指出,我们要继续全面准确、坚定不移贯彻“一国两制”方针,落实“爱国者治港”、“爱国者治澳”原则,支持香港、澳门发展经济、改善民生,发挥自身特点和优势,积极参与粤港澳大湾区建设,保持香港、澳门长期繁荣稳定。我们要坚持一个中国原则和“九二共识”,推动两岸关系和平发展,深化两岸融合发展,维护中华民族根本利益,增进两岸同胞福祉。实现祖国完全统一是民心所向、时代潮流、历史必然,是任何势力都阻挡不了的。
习近平强调,我们要坚持和平发展,坚定奉行互利共赢的开放战略,维护国际公平正义,践行真正的多边主义,推动落实全球发展倡议、全球安全倡议、全球文明倡议,推动构建人类命运共同体,同各国人民携手努力,应对各种全球性挑战,共创人类的美好未来。
1. 9月28日晚,庆祝中华人民共和国成立74周年招待会在北京人民大会堂举行。中共中央总书记、国家主席、中央军委主席习近平出席招待会并发表重要讲话。
2. 9月28日晚,庆祝中华人民共和国成立74周年招待会在北京人民大会堂举行。习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希、韩正等党和国家领导人与中外人士欢聚一堂,共庆中华人民共和国华诞。