Connect with us

China

Airbus က တရုတ်နိုင်ငံတွင် ဒုတိယမြောက် တပ်ဆင်ရေးစက်ရုံတည်ဆောက်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် A320 လေယာဉ်အုပ်စုအတွက် Airbus ကုမ္ပဏီ၏ နောက်ဆုံးတပ်ဆင်ရေးစက်ရုံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဥရောပ လေယာဉ်ထုတ်လုပ်သူဖြစ်သော Airbus ကုမ္ပဏီက တရုတ်ဈေးကွက်တိုးချဲ့မှုအဖြစ် တရုတ်နိုင်ငံတွင် ဒုတိယမြောက် နောက်ဆုံးတပ်ဆင်ရေးစက်ရုံ တည်ဆောက်မူကို စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် တည်ဆောက်မည့် စက်ရုံသစ်သည် Airbus နှင့် ထျန်းကျင်း လွတ်လပ်သော ကုန်သွယ်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း လီမိတက်တို့ကြား ၂၀၂၃ ခုနှစ် ဧပြီလက သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်။

အဆိုပါ တိုးချဲ့လိုက်သော စီမံကိန်းသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ဆောင်မှုစတင်နိုင်ရန် စီစဉ်ထားကြောင်း Airbus က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ မြင့်တက်လာသော ဈေးကွက်တောင်းဆိုမှုနှင့် ကိုက်ညီမှုရှိစေရန် ယင်းစက်ရုံတွင် A320 နှင့် Airbus ၏ နောက်ဆုံးပေါ် ကိုယ်ထည်ကျဉ်းလေယာဉ်ဖြစ်သည့် A321neo လေယာဉ် နှစ်မျိုးလုံး ထုတ်လုပ်မည်ဖြစ်ကာ ကြောင်း သိရသည်။

Airbus ၏ ထျန်းကျင်းလုပ်ငန်းရှိ ဒုတိယမြောက် နောက်ဆုံးတပ်ဆင်ရေးစက်ရုံသည် Airbus ၏ A320 လေယာဉ်အုပ်စုအတွက် ထုတ်လုပ်မှုတိုးချဲ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းစက်ရုံမှ ၂၀၂၆ ခုနှစ်တွင် တစ်လလျှင် လေယာဉ် ၇၅ စင်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လုပ်ငန်းတိုးချဲ့မှုသည် တရုတ်လေကြောင်းလုပ်ငန်းအတွက် Airbus ၏ ကာလရှည်ကတိကဝတ်ကို ဖော်ပြခြင်းလည်း ဖြစ်သည်။  (Xinhua)

………………………………

Airbus breaks ground on second China final assembly line

TIANJIN, Sept. 28 (Xinhua) — Airbus on Thursday broke ground on its second final assembly line in China as the European aircraft manufacturer seeks expansion in the Chinese market.

The groundbreaking in north China’s Tianjin Municipality marks another milestone after Airbus signed an agreement on the project with Tianjin Free Trade Zone Investment Company Ltd. and Aviation Industry Corporation of China, Ltd. in April 2023.

The expansion project is planned to enter into service at the end of 2025, Airbus said in a statement. It will be able to manufacture both A320 and A321neo aircraft, the newest single-aisle aircraft of Airbus, to meet surging demand.

The second final assembly line (FAL) at Airbus’ Tianjin site is part of Airbus’ overall production expansion plan for the A320 family. It aims to produce 75 aircraft per month in 2026, according to the statement.

The expansion project showcases Airbus’ long-term commitment to the Chinese aviation industry.

Photo: This photo taken on Nov. 9, 2022 shows a view of Airbus’ final assembly line for the A320 family aircraft in north China’s Tianjin. (Xinhua)