Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Mirjana Spoljaric တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mirjana Spoljaric တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၅ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mirjana Spoljaric နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၅ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တည်ထောင်ပြီး နှစ်ပေါင်း ၁၆၀ ကာလတွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ၌ ထိရောက်ကောင်းမွန်သော ရလဒ်များစွာ ရရှိခဲ့သည့်အပေါ် အထူး ချီးကျူးကြောင်း ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တိုးတက်ရေးအတွက် အရေးကြီးသော အကျိုးဆောင်မှုများအပေါ် တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mirjana Spoljaric တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၅ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာကြီးသည် နှစ်ပေါင်းတစ်ရာတွင် မကြုံခဲ့ရဖူးသော အပြောင်းအလဲများ ကြုံတွေ့ရလျက်ရှိပြီး လူသားမျိုးနွယ်တို့၏ လူမှုအသိုက်အဝန်းသည် စိန်ခေါ်မှု များစွာဖြင့် ကြုံတွေ့ရလျက်ရှိရာ အချို့မှာ သိရှိပြီးဖြစ်သော စိန်ခေါ်မှုများ ဖြစ်သလို အချို့မှာ စိန်ခေါ်မှုအသစ်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤကဲ့သို့သော အခြေအနေတွင် တရုတ်နိုင်ငံက တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး ဖြေရှင်းမည့်နည်းလမ်းကို အတူတကွ ရှာဖွေကာ လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တွန်းအားပေးခဲ့ကြောင်း ၊ မိမိအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်း” အဆိုပြုချက် (BRI) ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) တို့ အဆိုပြုခဲ့ခြင်းမှာ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ဘဝ စားဝတ်နေရေး ကောင်းမွန်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားလိုခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲမှု အားကောင်းစေရေးအတွက် တရုတ်နိုင်ငံ၏ အတွေးအခေါ်၊ တရုတ်နိုင်ငံ၏ နည်းလမ်းကို ပံ့ပိုးခြင်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးဆောင်ရွက်၍ လူသားမျိုးနွယ်၏ ငြိမ်းချမ်းရေး နှင့် တိုးတက်ရေးကို မြှင့်တင်ရာတွင် အရေးကြီးသည့်အကျိုးကို ထမ်းဆောင်သွားလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၄၉ ကြိမ်မြောက် ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ အများဆုံး နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ပြုပါကြောင်း ၊ ၎င်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် နိုင်ငံတကာ အသိုက်အဝန်းက တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှုအပေါ် အထူး အသိအမှတ်ပြုခြင်းဖြစ်ကြောင်း Spoljaric က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ကို အစဉ်အမြဲ လေးစားလိုက်နာကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်မှုဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခဲ့သလို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းကို အထောက်အကူပြုခဲ့ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ အနေဖြင့် တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်မှုနှင့် အရေးကြီးသည့်အကျိုးဆောင်မှုများအပေါ် အထူး တန်ဖိုးထားပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစွာ ဆောင်ရွက်သွားကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းကို မြှင့်တင်ရာတွင် အကျိုးသစ်များ ဆောင်ကြဉ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
习近平会见红十字国际委员会主席斯波利亚里茨
新华社北京9月5日电9月5日下午,国家主席习近平在人民大会堂会见红十字国际委员会主席斯波利亚里茨。
习近平高度评价红十字国际委员会成立160年来在国际人道主义方面开展的富有成效的工作,赞赏红十字国际委员会为世界和平与进步作出的重要贡献。
习近平指出,当今世界正在经历百年未有之大变局,人类社会面临许多挑战,有些似曾相识,有些是新挑战。在此形势下,中国没有独善其身,而是同世界各国加强合作,共同探寻解决之道,推动构建人类命运共同体。我提出共建“一带一路”倡议、全球发展倡议、全球安全倡议、全球文明倡议,就是希望和世界各国一道,实现经济发展,改善民生,互利共赢,为加强全球治理和人道主义问题治理提供中国理念、中国方案。中方愿同红十字国际委员会进一步密切合作,为促进人类和平与进步事业作出重要贡献。
斯波利亚里茨表示,祝贺中国成为获得第49届南丁格尔奖人数最多的国家,这表明了红十字国际委员会和国际社会对于中国人道主义事业发展成就的高度认可。中国始终尊重并执行国际人道主义法。共建“一带一路”促进了世界发展,助力了全球人道主义事业。红十字国际委员会高度赞赏中方为国际人道主义事业发挥的积极作用和作出的重要贡献,期待同中方进一步深化合作,共同为促进世界和平发展以及国际人道主义事业作出新的贡献。
1. 9月5日下午,国家主席习近平在北京人民大会堂会见红十字国际委员会主席斯波利亚里茨。
新华社记者 翟健岚 摄