Connect with us

China

ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်းက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ပထမဆုံး Zootopia အပန်းဖြေဥယျာဉ်ကို ဖွင့်လှစ်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်းတွင် Zootopia အပန်းဖြေဥယျာဉ် ဖွင့်လှစ်မည့် ကြေညာခြင်းအခမ်းအနား၌ ဖျော်ဖြေတင်ဆက်နေသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းဒစ္စနေ အပန်းဖြေစခန်းက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ပထမဆုံး Zootopia အပန်းဖြေဥယျာဉ်ကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

နာမည်ကျော် ဒစ္စနေဇာတ်ကား Zootopia ၏ အမည်ကိုယူထားသော အဆိုပါ ဥယျာဉ်သည် ရှန်ဟိုင်း ဒစ္စနေဥယျာဉ်အတွင်းရှိ ၈ ခုမြောက် အပန်းဖြေဥယျာဉ်ဖြစ်လာမည် ဖြစ်သည်။
တီထွင်ဖန်တီးမှုများဖြင့် နောက်ဆုံးပေါ်နည်းပညာများကြောင့် အားမာန်ပြည့်ဝ၍ အသွင်အပြင်အမျိုးမျိုးရှိသော နို့တိုက်သတ္တဝါမြို့တော် Zootopia အပန်းဖြေဥယျာဉ်တွင် လာရောက်လည်ပတ်သူများအား အတွေ့အကြုံများ ရရှိစေမည်ဖြစ်သည်။

Zootopia အပန်းဖြေဥယျာဉ် တည်ဆောက်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ယခုအခါ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုမ္ပဏီက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Shanghai Disney Resort to open world’s first Zootopia-themed land by end of 2023
SHANGHAI, Sept. 5 (Xinhua) — Shanghai Disney Resort announced Tuesday that its Zootopia-themed land, the first of its kind at any Disney park worldwide, is scheduled to open by the end of this year.
Named after a popular Disney Animation film, Zootopia will also become the eighth themed land inside the Shanghai Disneyland park.
Thanks to cutting-edge technologies applied in its creation, the new themed land will offer visitors an immersive experience in the vibrant and diverse mammalian metropolis of Zootopia.
Construction of the Zootopia-themed land, which started in December 2019, has now entered the final stage, the company said.
Photo: People perform upon the announcement of Zootopia-themed land at Shanghai Disney Resort in east China’s Shanghai, Sept. 5, 2023. (Xinhua/Ren Long)