Connect with us

Africa & Middle East

အီရန်နိုင်ငံက ဒုံးကျည်များဖြင့် အီရတ်နိုင်ငံအတွင်းရှိ မော့ဆက်အဖွဲ့ခွဲထံကို ပစ်ခတ်တိုက်ခိုက်

ပေကျင်း ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးတပ်ဖွဲ့ က ဇန်နဝါရီ ၁၅ ရက် ညပိုင်းအချိန်တွင် အီရတ်နိုင်ငံအတွင်းရှိ အစ္စရေး ထောက်လှမ်ရေးအဖွဲ့ (မော့ဆက်) ၏အဖွဲ့ခွဲကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံသတင်းအေဂျင်စီ၏ ဖော်ြပချက်အရ သိရသည်။သတင်းဖော်ြပချက်အရ အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးတပ်ဖွဲ့ အနေဖြင့် အကြမ်းဖက်လှုပ်ရှားမှုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံ မော့ဆက်အဖွဲ့၏ အီရတ် နိုင်ငံအတွင်းရှိ အဖွဲ့ကို ဒုံးကျည်များဖြင့်ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ဒုံးကျည်များစွာပစ်လွှတ်၍ ၎င်းတို့၏ အဆာက်အဦကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက် ညပိုင်းအချိန်၌ အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးတပ်ဖွဲ့ ဒုံးကျည်များဖြင့် Kurdish ဒေသ၏ မြို့တော် Erbil တိုက်ခိုက်မှုကြောင့် ဒေသတွင်း အနည်းဆုံး အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ အီရန်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံ အတွင်းရှိ Erbil ဒေသကို အကြောင်းမဲ့ တိုက်ခိုက်မှုဆောင်ရွက်ခြင်းသည် Kurdish ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အီရတ်နိုင်ငံ Kurdish ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးကောင်စီ၏ ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

Kurdish ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ဆင်ဟွာသတင်းဌာနသို့ ပြောကြားချက်အရ ဇန်နဝါရီ ၁၅ ရက် ညပိုင်းအချိန်တွင် Erbil မြို့ ၌ ကြီးမားသည့် ပေါက်ကွဲအသံ အနည်းဆုံး ၆ ကြိမ်ကြားခဲ့ရကြောင်း သိရသည်။ (Xinhua)
—————————–
伊朗导弹袭击伊拉克北部摩萨德分支机构
新华社北京1月16日电 伊朗伊斯兰共和国通讯社报道说,伊朗伊斯兰革命卫队15日夜间发射导弹,打击了以色列情报机构位于伊拉克库尔德地区(库区)的分支机构。
报道说,伊朗伊斯兰革命卫队发表声明称伊朗对“恐怖行动”进行打击,击中了以色列情报机构摩萨德位于库区的分支机构,并“发射多枚导弹将其摧毁”。
另据伊拉克库尔德自治区安全委员会16日发表的声明,15日夜间,伊朗伊斯兰革命卫队发射多枚导弹袭击库区首府埃尔比勒,造成至少4名平民死亡、6人受伤。声明说,伊朗以毫无根据的“理由”袭击埃尔比勒是对库区和伊拉克主权的公然侵犯。
库区安全部门一名消息人士告诉新华社记者,15日晚,埃尔比勒传出至少6次巨大爆炸声。(参与记者:段敏夫、李军)(完)