Connect with us

Africa & Middle East

ယီမင်နိုင်ငံအနီး အမေရိကန်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းသုံသင်္ဘောကို ဟူသီက ဒုံးကျည်ဖြင့် ပစ်ခတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ပေါ်မှ လေယာဉ်ဖြင့် ပင်တဂွန်စစ်ဌာနချုပ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် စစ်သွေးကြွအဖွဲ့က ထိန်းချုပ်ထားသောနယ်မြေများမှ ဟူသီများက အမေရိကန်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းသုံး သင်္ဘောကို ဇန်နဝါရီ ၁၅ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် အမေရိကန်နိုင်ငံက ပိုင်ဆိုင်၍ လုပ်ငန်းလည်ပတ်လျက်ရှိသော ကွန်တိန်နာသင်္ဘောဖြစ်ပြီး မာရှယ်ကျွန်းစုအလံ လွှင့်တင်ထားသည့် M/V Gibraltar Eagle သင်္ဘောဖြစ်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က X လူမှုမီဒီယာပေါ်၌ ရေးသားထားသည်။

ဆန်နားစံတော်ချိန် ညနေ ၄ နာရီခန့်က တိုက်ခိုက်မှုကြောင့် ၎င်းသင်္ဘောတွင် ထိခိုက်ဒဏ်ရာရခြင်းနှင့် သိသိသာသာပျက်စီးခြင်းမရှိကြောင်း၊ ထိုသို့တိုက်ခိုက်ခံခဲ့ရသော်လည်း သင်္ဘောမှာ ဆက်လက်ခရီးပြုလျက်ရှိကြောင်း CENTCOM က ပြောခဲ့သည်။

ဒုံးကျည်တိုက်ခိုက်ခြင်းမခံရမီ ၂ နာရီခန့်အကြာက “Southern Red Sea စီးပွားရေးလုပ်ငန်းသုံး သင်္ဘောလမ်းကြောင်းများဆီသို့ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုကို အမေရိကန်တပ်ဖွဲ့တွေက တွေ့ရှိခဲ့တယ်” ဟု ကွပ်ကဲရေးဌာနက ပြောကြားခဲ့သည်။

“ဒုံးကျည်က ပျံသန်းနေရင်းနဲ့ ယီမင် ကုန်းမြေပေါ်မှာပဲ ကျရောက်ခဲ့တယ်။ လူသေဆုံးတာ၊ ပျက်စီးတာမျိုးတော့ မရှိပါဘူး” ဟု ယင်းဌာနက ဆိုသည်။ (Xinhua)

………………………………
(English Version)
Houthi-fired missile hits U.S.-owned commercial vessel near Yemen: U.S. military
WASHINGTON, Jan. 15 (Xinhua) — A U.S.-owned commercial vessel was hit Monday by a missile fired by the Houthis from the areas in Yemen controlled by the militant group, the U.S. military said.
The U.S. Central Command (CENTCOM), in a post on X, identified the ship as M/V Gibraltar Eagle, a Marshall Islands-flagged, U.S.-owned and operated container ship.
“The ship has reported no injuries or significant damage” as a result of the attack at approximately 4 p.m. Sanaa Time, CENTCOM said, adding the ship was continuing its journey despite having been struck.
The command also said that about two hours prior to the aforementioned missile strike, “U.S. Forces detected an anti-ship ballistic missile fired toward the Southern Red Sea commercial shipping lanes.”
“The missile failed in flight and impacted on land in Yemen. There were no injuries or damage reported,” it said.
Photo: Photo taken on Feb. 19, 2020 shows the Pentagon seen from an airplane over Washington, D.C., the United States.(Xinhua/Liu Jie)