Connect with us

China

ဝမ်ရိက တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံ၏ “တသမတ်တည်းဖြစ်သော အခြေခံမူသုံးရပ်” အကြောင်း ဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၆ ရက်က ပေကျင်း၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာ၌ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်တို့ ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံခဲ့စဉ် “ဆန်ဖရန်စစ္စကို မျှော်မှန်းချက်” ကို ပူးတွဲဖော်ပြခဲ့ကြောင်း၊ တရုတ်သမ္မတနှင့် အမေရိကန်သမ္မတတို့၏ ဦးဆောင်မှုအောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်ခဲ့ပြီး နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုနှင့် အပြုသဘောဆောင်သော ရှုထောင့်များ တိုးလာသည်နှင့်ပတ်သက်၍ နှစ်နိုင်ငံပြည်သူနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က ကြိုဆိုခဲ့ကြကြောင်း၊ သို့သော် တစ်ဖက်တွင်မူ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အပျက်သဘောဆောင်သည့် အကြောင်းရင်းများမှာ မြင့်တက်စုပုံလာပြီး တရုတ်၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးများသည် တရားနည်းလမ်း မကျစွာ ချိုးနှိမ်ခံနေရပြီး တရုတ်၏ အဓိက အကျိုးစီးပွားကို အဆက်မပြတ် စိန်ခေါ်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် မှန်ကန်သော တည်ငြိမ်ရေးနှင့် ရှေ့တိုးရေးလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်မည်လား သို့မဟုတ် မှားယွင်းသောလမ်းကြောင်းသို့ နောက်ပြန်လှည့်မည်လား ဆိုသည်မှာ နှစ်နိုင်ငံကြား အဓိက ပြဿနာဖြစ်ပြီး နှစ်ဖက်လုံး၏ ရိုးသားမှုနှင့် စွမ်းဆောင်ရည်ကို စမ်းသပ်နေကြောင်း၊ နှစ်ဖက်လုံးသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်လျက် ကမ္ဘာလုံးဆိုင်ရာပြဿနာများ ကိုင်တွယ်ဖြေရှင်းရာတွင် အပြန်အလှန် အကျိုးရလဒ်များကို အကောင်အထည်ဖော်မည်လား သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုများမှ ပဋိပက္ခများအထိရောက်ရှိကာ အပြန်အလှန် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်လား ဆိုသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်နေကြောင်း ဝမ်ရိက အလေးအနက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ သဘောထားသည် တသမတ်တည်းဖြစ်ပြီး လူသားမျိုးနွယ်အတွက် ကံကြမ္မာအကျိုးတူ၊ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်ဖြစ်သော ကမ္ဘာ့ရှုထောင့်မှ တရုတ်-အမေရိကန် ဆက်ဆံရေးကို ကြည့်ရှုပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း၊ ယင်းသည် ၎င်းတို့၏ ပြည်သူများ၊ ကမ္ဘာနှင့် အနာဂတ်အတွက် တာဝန်ယူမှု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ပြီး သမ္မတရှီကျင့်ဖိန် အဆိုပြုထားသည့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်အကျိုးပြု ပူးပေါင်းဆောင်ရွက်ရေးမူ အခြေခံသဘောများကို အမြဲလိုက်နာကာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ ကောင်းမွန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ကြိုးပမ်းကြောင်း၊ တရုတ်နိုင်ငံ၏ တောင်းဆိုချက်များသည် တသမတ်တည်းဖြစ်ပြီး အချင်းချင်း၏ အဓိက အကျိုးစီးပွားကို အပြန်အလှန်လေးစားရန် အမြဲထောက်ခံကြောင်း၊ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ချိုးနှိမ်ခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများအပေါ် တရုတ်နိုင်ငံ၏ အနီရောင်မျဉ်းပေါ်တွင် ဖြတ်လျှောက်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ဝမ်ရိက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
王毅谈中方对中美关系的“三个一以贯之”
新华社北京4月26日电 中共中央政治局委员、外交部长王毅26日在北京同美国国务卿布林肯举行会谈时,就中美关系表示,去年11月,习近平主席和拜登总统在旧金山会晤,共同擘画了“旧金山愿景”。在两国元首的掌舵领航下,中美关系总体止跌企稳,双方各领域的对话增多、合作增多、积极面增多,两国人民和国际社会都对此表示欢迎。但另一方面,中美关系的负面因素仍在上升积聚,面临各种干扰破坏,中国的正当发展权利遭到无理打压,中方的核心利益不断受到挑战。
王毅强调,中美是坚守稳定向前的正道,还是重蹈螺旋下滑的覆辙,是摆在两国面前的重大问题,考验着双方的诚意和能力。双方是引领国际合作应对全球性问题,实现双赢多赢,还是彼此对立对抗甚至爆发冲突,导致双输多输,国际社会都拭目以待。
王毅强调,中方的态度一以贯之,始终从构建人类命运共同体的世界情怀出发看待和发展中美关系,对人民负责,对世界负责,对未来负责。中方的立场一以贯之,始终坚持习近平主席提出的相互尊重、和平共处、合作共赢原则,致力于推动中美关系稳定、健康、可持续发展。中方的要求一以贯之,始终主张尊重彼此的核心利益,美方不要干涉中国的内政,不要打压中国的发展,不要在涉及中国的主权、安全、发展利益上踩踏中方的红线。(完)