Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်းမ်မင်းချင် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၉ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်သော ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်းမ်မင်းချင် (Pham Minh Chinh)နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၂၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဗီယက်နမ် နှစ်နိုင်ငံသည် ဆိုရှယ်လစ် နိုင်ငံများ ဖြစ်ကြသလို အပြန်အလှန် ယုံကြည်မှုမြင့်မားသော ရဲဘော်ရဲဘက်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော မိတ်ဖက်၊ အပြန်အလှန်ရင်းနှီးမှုနှင့်နားလည်မှုရှိသော မိတ်ဆွေများ ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ပါတီစီမံအုပ်ချုပ်ရေးအတွေ့အကြုံများကို နက်ရှိုင်းစွာ ဖလှယ်ရမည် ဖြစ်ပြီး ပြည်သူကို ဦးထိပ်ထား၍ မိမိနိုင်ငံနှင့်ကိုက်ညီသော ဆိုရှယ်လစ်လမ်းစဉ်၊ မိမိ၏ဝိသေသလက္ခဏာဆောင်သော ခေတ်မီအသွင်ပြောင်းရေးလမ်းကြောင်းကို ခိုင်မာစွာ ထောက်ခံရမည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”ကို အတူတည်ဆောက်ရမည် ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ချိတ်ဆက်မှုများကို မြှင့်တင်၍ အားသာချက်များကို အပြန်အလှန်ဖြည့်စွက်ရမည်ဖြစ်ကြောင်း ၊ အခြေခံအဆောက်အုံ၊ စမတ်နည်းပညာသုံး အကောက်ခွန်၊ အစိမ်းရောင်စွမ်းအင် စသည့် ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရောင်းချရန်သင့်လျော်မည့် ဗီယက်နမ်ထုတ်ကုန်ပစ္စည်းများကို ပို၍ တင်သွင်းသွားရန် ဆန္ဒရှိကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ကျင်းပမည့် တတိယအကြိမ်မြောက် “ရပ်ဝန်းနှင့်ပိုးလမ်း” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး၊ တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ဗီယက်နမ် ပါဝင်ရန် ကြိုဆိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်းမ်မင်းချင်က တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံကြီးဖြစ်သလို ဗီယက်နမ်နှင့်ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံလည်းဖြစ်ကြောင်း၊ ဗီယက်နမ်-တရုတ် ဆက်ဆံရေး ရေရှည် တည်ငြိမ်ကောင်းမွန်စွာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်မှာ ဗီယက်နမ် အစိုးရနှင့်ပါတီ၏ အစဉ်အမြဲထားရှိသော မဟာဗျူဟာရွေးချယ်မှုနှင့် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ်နိုင်ငံအပေါ် တန်ဖိုးထားဖွယ်အကူအညီများ ရေရှည်ပေးအပ်ခဲ့ခြင်းကို ဗီယက်နမ်နိုင်ငံက အစဉ်အမြဲ စိတ်ထဲတွင်ထားရှိ၍ ကျေးဇူးတင်ရှိကြောင်း ၊ ယခင်နိုင်ငံခေါင်းဆောင်များပျိုးထောင်ခဲ့သော ရဲဘော်ရဲဘက် ညီအစ်ကို ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
习近平会见越南总理范明政
新华社北京6月27日电(记者杨依军)6月27日下午,国家主席习近平在人民大会堂会见来华进行正式访问的越南总理范明政。
习近平强调,中越同为社会主义国家,是高度互信的同志、互利共赢的伙伴、相知相亲的朋友。双方要深化治党理政经验交流,坚守人民至上理念,坚定支持对方走好符合本国国情的社会主义道路和各具特色的现代化道路。双方要高质量共建“一带一路”,加强发展战略对接,发挥互补优势,加快推进基础设施、智慧海关、绿色能源等领域务实合作。中方愿进口更多适销对路的越南产品,欢迎越方积极参加今年下半年第三届“一带一路”国际合作高峰论坛、中国国际进口博览会。
范明政表示,中国是世界大国和越南亲密友邻,持续发展长期稳定良好的越中关系,始终是越南党和政府的战略选择和头等优先。越方始终铭记和衷心感谢中方长期以来给予越南的宝贵帮助,珍惜老一辈领导人精心培育的同志加兄弟的关系。
1. 6月27日下午,国家主席习近平在北京人民大会堂会见来华进行正式访问的越南总理范明政。 新华社记者 姚大伟 摄